မန္တလေးခရိုင်တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းများအတွက် စင်ကာပူနိုင်ငံနည်းတူ ဒဏ်တပ်မှုများ ပြုလုပ်သွားမည်

ဓါတ်ပုံ - မန်းစည်ပင်
မန္တလေး အောက်တိုဘာ ၎

မန္တလေးခရိုင်တွင် စည်းကမ်းမဲ့ အမှိုက် စွန့်ပစ်မှုများ၊ ရေမြောင်းများအတွင်းအမှိုက်စွန့် ပစ်ခြင်းများအတွက် စင်ကာပူနိုင်ငံနည်းတူ ဒဏ်တပ်မှုများ ပြုလုပ်သွားရန်စီစဉ်ထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆို သည်။

မြို့တော်အတွင်း သန့်ရှင်းရေးလုပ်ငန်းများ နှင့်ပတ်သက်ပြီး အရှိန်အဟုန်မြှင့် လုပ်ဆောင် သွားရန် မန္တလေးမြို့တော်ဝန်က ညွှန်ကြားထား ပြီး အထူးသဖြင့် အမှိုက်စွန့်ပစ်ခြင်းလုပ်ငန်းများ ကို ကြပ်မတ်မှုများ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။ အမှိုက်မပစ်ရနေရာများ တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများအတွက် တစ်နေကုန် တံမြက်စည်းလှည်းခြင်း၊ ရေမြောင်း များအတွင်း အမှိုက်များစွန့်ပစ်ခြင်းများအတွက် ရေမြောင်းများဆယ်ယူစေခြင်း စသဖြင့် ဒဏ်ပေး ဆောင်ရွက်သွားမည်ဖြစ်သည်။

''အရင်ဆုံး အမှိုက်မပစ်ရနေရာတွေ သတ် မှတ်မှာဖြစ်ပါတယ်။ ပြီးရင် ပညာပေးလုပ်ငန်း တွေ လုပ်ပါမယ်။ အားလုံးပြီးရင်တော့ ထိထိ ရောက်ရောက် အရေးယူသွားမှာပဲဖြစ်ပါတယ်''ဟု အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောပြသည်။

၎င်းအစီအစဉ်ကို ယခုစတင်နေပြီဖြစ်ကာ ပထမဦးစွာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန များနှင့်တွေ့ဆုံ၍ ရပ်ကွက်များ၊ အကွက်များ အလိုက် အပိုင်းလိုက်ပညာပေးဆွေးနွေးဟော ပြောမှုများ ဆောင်ရွက်သွားမည်ဖြစ်သည်။

''ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ အချိန်ပေးနိုင် တာနဲ့ ပညာပေးဟောပြောမှုတွေ စတင်မှာဖြစ် ပါတယ်''ဟု အဆိုပါတာဝန်ရှိသူက ဆက်လက် ပြောပြသည်။

အမှိုက်မပစ်ရနေရာများသတ်မှတ်ခြင်းနှင့် ပတ်သက်ပြီးအောင်ပင်လယ်ကန်ပတ်လမ်း၊ မြို့ပတ်လမ်းကမ်းနားလမ်းကဲ့သို့နေရာများတွင် ရောင်ပြန်ဆိုင်းဘုတ်များ တပ်ဆင်သတိပေးသွားမည်ဖြစ်ပြီး အမှိုက်များစွန့်ပစ်ပါက ထိထိရောက်ရောက်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

ဆေးရုံသုံးစွန့်ပစ်ပစ္စည်းများ၊ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ဥယျာဉ်ခြံမြေအမှိုက်များကိုလူသူကင်းဝေးသောနေရာများတွင်စွန့်ပစ်မှုများရှိနေပြီး ၄င်းတို့ကိုဖော်ထုတ်အရေးယူသွားမည်ဖြစ်သည်။အမှိုက်ပစ်ချိန်ကို တိကျစွာသတ်မှတ်ထားရန်ရှိပြီး အချိန်ကျော်၍စွန့်ပစ်ခြင်းများကိုလည်း အရေးယူသွားမည်ဖြစ်ကာ အချိန်ပိုင်းအလိုက် အမှိုက်သိမ်းဆည်းမှုတွင် ကားပျက်ခြင်းများလာလျှင်လည်း အစားထိုးသိမ်းဆည်းမည့် ကားများကိုစီစဉ်သွားမည်ဖြစ်ကြောင်းသိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
မန္တလေးခရိုင်တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းများအတွက် စင်ကာပူနိုင်ငံနည်းတူ ဒဏ်တပ်မှုများ ပြုလုပ်သွားမည် မန္တလေးခရိုင်တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းများအတွက် စင်ကာပူနိုင်ငံနည်းတူ ဒဏ်တပ်မှုများ ပြုလုပ်သွားမည် Reviewed by THITHTOOLWIN on 05:45 Rating: 5
Powered by Blogger.