မြင်းမူ အောက်တိုဘာလ ၃
စစ်ကိုင်း တိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် ၊မန္တလေး - မုံရွာ ကားလမ်းဘေး၊ မိုင်တိုင်အမှတ် (၄၁/၄)နှင့် (၄၁/၅)ကြား၊ နဘဲကြူးကျေးရွာ ကားလမ်းကွေ့တွင် အောက်တိုဘာလ (၃) ရက် နံနက်ပိုင်းက မော်တော်ယာဉ် တစ်စီး မီးလောင်မှု ဖြစ်ပွားကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ မန္တလေးမှ မုံရွာဘက်သို့ ယာဉ်မောင်း ဦးဌေးမောင်၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ခင်မွန်ကျေးရွာ မောင်းနှင်လာသော ယာဉ်အမှတ် MDY-4C/5242 TOYOTA အနီရောင်ပြိုင်ကား အမျိုးအစား (အနီရောင်) ယာဉ်သည် ရှေ့ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ ကားလမ်း၏ ညာဘက်ဘေး သို့ ကျကာ၊ ၀ါယာရှော့ဖြစ် မီးလောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
"ဒီသတင်းရရင်ဘဲ မီးငြိမ်းသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ် (၁)စီး၊ မြို့နယ် မီးသတ် တပ်ဖွဲ့ဝင် (၁၀)ဦးနဲ့ အရန် မီးသတ်တပ်ဖွဲ့ဝင် (၁၅)ဦးတို့ ချက်ချင်း သွားရောက် ငြှိမ်းသတ်ခဲ့ပါတယ်။ လူအသေအပျောက် မရှိပါဘူး၊ ကားကတော့ လုံးဝ ပျက်စီး သွားပါတယ်" ဟု မြို့နယ် မီးသတ် စခန်းတာဝန်ခံ ဦးဝေမင်းထွန်းက ပြောပြသည်။ ယင်းကိစ္စနှင့် ပါတ်သက်ပြီး ယာဉ်မောင်း ဦးဌေးမောင်အား မြင်းမူမြို့ရဲစခန်းမှ (ပ)၄၆/ ၁၆ ပုဒ်မ(၂၇၉)ဖြင့် အရေးယူ ဆောင်ရွက် ထားကြောင်း သိရှိရသည်။
အောင်စိုးဖေ (IPRD)
MOI Webportal Myanmar
မြင်းမူမြို့နယ် အတွင်း အဝေးပြေးလမ်းပေါ်တွင် မော်တော်ယာဉ် တစ်စီး မီးလောင် ပျက်စီး
Reviewed by THITHTOOLWIN
on
18:41
Rating:
