မိုးများမှုကြောင့် ချင်းပြည်နယ် မှာ မြေပြို

မိုးများရွာသွန်းမှုကြောင့် ချင်းပြည်နယ် တီးတိန်-တွန်းဇံလမ်းမှာ မြေပြိုကျနေသည်ကို တွေ့ရစဉ်။ Photo: CNRWG/ Facebook
ချင်းပြည်နယ်မှာ ဒီရက်ပိုင်းအတွင်း မိုးများနေတာကြောင့် တီးတိန်-တွန်းဇံလမ်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့ကစပြီး မြေပြိုတာတွေဖြစ်နေတဲ့အတွက် ကုန်တင်ယာဉ်တွေအပါအ၀င် ကားအစီးရေ တစ်ရာလောက် ပိတ်မိနေတယ်လို့ ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုးက ပြောပါတယ်။

အဲ့ဒီလမ်းကို ပြင်ဆင်နေပေမယ့် လတ်တလောမှာ မိုးရွာနေတဲ့အတွက် အခက်အခဲတွေ ရှိနေတယ်လို့ ၀န်ကြီးဦးရွှေထီးအိုးက ပြောပါတယ်။

အဲ့ဒီလမ်းဟာ သိုင်းငင်းနဲ့ဟိုင်ဇိမ်ကျေးရွာအကြားမှာ ပြိုနေတာကြောင့် တချို့ယာဉ်တွေကတော့ ဖလမ်း-ဟားခါးလမ်းကနေ သွားနေကြတယ်လို့ပြောပါတယ်။

ဒါ့အပြင် ဟားခါး-ဂန့်ဂေါ-မန္တလေးလမ်းမှာလည်း မိုးများပြီး လမ်းပြိုတာတွေဖြစ်နိုင်တဲ့အတွက် ခရီးသည်တင်ယာဉ်တွေနဲ့ ကုန်တင်ယာဉ်တွေကို ညဘက်မှာမမောင်းဘဲ နေ့ဘက်မှာသာ ဖြတ်သန်းသွားလာကြဖို့ တိုက်တွန်းထားပါတယ်။

RFA Burmese
http://www.rfa.org/burmese
မိုးများမှုကြောင့် ချင်းပြည်နယ် မှာ မြေပြို မိုးများမှုကြောင့် ချင်းပြည်နယ် မှာ မြေပြို Reviewed by THITHTOOLWIN on 19:49 Rating: 5
Powered by Blogger.