နယူးမန္တလာထွန်း အိပ်ငိုက်မောင်းနှင်၍ လမ်းလယ်ကတ်တုံးများ ဝင်ရောက်တိုက်မှုဖြစ်ပွား

အမြန်လမ်း၌ အိပ်ငိုက်မောင်းနှင်၍ လမ်းလယ်ကတ်တုံးများ ဝင်ရောက်တိုက်မှုဖြစ်ပွား
ဒိုက်ဦး အောက်တိုဘာ၂၆

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ် ဘောနီ အမြန်လမ်းမကြီး ရန်ကုန်-မန္တလေးမိုင်တိုင်(၅၈/၀)နှင့် (၅၈/၁) အကြား၌ အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ် အချိန်က နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ဦးနောင်နောင် ၅၄ နှစ် အေးသာယာ ရပ်ကွက် တောင်ကြီး မြို့နေသူ မောင်းနှင်လာသော 2G/5415 YuTong (ပြာ/ခဲရောင်) နယူးမန္တလာထွန်း ခရီးသည်တင် မှန်လုံယာဉ်မှာ ယာဉ်မောင်း အိပ်ငိုက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကတ်တုံးများအား ဝင်ရောက်တိုက်မိပြီး လမ်းဘက်ခြမ်း ယာဘက်တံတား လက်ရမ်းတန်းအား တိုက်မိကာ လက်ရမ်းတန်းပေါ်တွင်ရပ်တန့်ခဲ့ပါသည်။


ယာဉ်ပေါ်ပါရှိသူ ဦးသုမန ရွှေစည်းခုံတောရကျောင်းတိုက် ပဒေသာမြို့သစ်၊ပြင်ဦးလွင်နေသူဒဏ်ရာများ ရရှိသွားကြောင်းနှင့် ယာဉ်မောင်း ဦးနောင်နောင်အား ဘောနီအမြန်လမ်းမကြီး ရဲစခန်းယာဉ် (ပ)၃၅/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ အရ အရေးယူဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
နယူးမန္တလာထွန်း အိပ်ငိုက်မောင်းနှင်၍ လမ်းလယ်ကတ်တုံးများ ဝင်ရောက်တိုက်မှုဖြစ်ပွား  နယူးမန္တလာထွန်း အိပ်ငိုက်မောင်းနှင်၍ လမ်းလယ်ကတ်တုံးများ ဝင်ရောက်တိုက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 17:18 Rating: 5
Powered by Blogger.