Breaking news on 7-10-2016
ယခုရက်ပိုင်းအတွင်းထိုင်းနိုင်ငံကျန်ထဘူရီနဲ့ တခြားမြို့ နယ်တွေမှာအမှိုက်ကောက် ရောင်းနေကြသူ သုံးဦးကို ဆက်တိုက် သတ်သွားတဲ့ တရားခံကို ရဲတပ် ဖွဲ့ တွေက အပူတပြင်း ရှာဖွေနေခဲ့ကြပါတယ်။
CCTV မှတ်တမ်းမှာ စက်ဘီးတစ်စီးနဲ့  အမှိုက်လိုက်ကောက်နေသူ တရားခံပုံခဲ ပန်းချီ ပုံကြမ်းကို ရဲတပ်ဖွဲ့ ကထုတ်ပြန်ထားခဲ့ပါတယ်။
တံတားအောက်က လူရှင်းတဲ့နေရာတွေမှာ နေထိုင်နေကြတဲ့ သူတွေကို ညပိုင်းမှာ အရက်အတူလာသောက်ပြီး ဆက်တိုက် သတ်ဖြတ်သွားခဲ့ပါတယ် ၊သေဆုံးသူတွေထဲမှာ အမျိုးသမီးတစ်ဦးပါဝင်နေပါတယ်။
ဒီနေ့ တော့ အလိုရှိနေတဲ့ တရားခံကို ဗဟိုရိုသင် လမ်းမ ၁၈ မှာ တွေ့ ရှိဖမ်းဆီး ခဲ့ကြောင်း ရဲတပ်ဖွဲ့ က ထုတ်ပြန်ခဲ့ပါတာ်။
တရားခံဟာ အသက်(၂၀) အရွယ် မြန်မာနိုင်ငံသား ဂျင်မီ Jimmy ဆိုသူဖြစ် ပါတယ်၊ CCTV ကရိုက်ကူးထားတဲ့ပုံဟာ သူ့ ပုံဆိုတာ ၀န်ခံခဲ့ပေမယ့် ဂျင်မီဟာ ထိုင်းမြန်မာနယ်ခြား မဲဆောက်ကနေ၀င်လာခဲ့တာ (၆)ရက်သာရှိသေး တယ်လို့  တရားခံကပြောပါတယ်။
ဂျင်မီဟာခုလိုဘဲဖမ်းလိုက် ပြန်ဝင်လာလိုက်နဲ့ ထိုင်းနို်ငံမှာနေထိုင်နေသူဖြစ်ကြောင်းသိရပါတယ်၊ လူသတ်တရားခံဟုတ်မဟုတ် မျက်မြင် သက်သေတွေ ကိုပြပြီး စစ်ဆေးနေပါတယ်။
Dailynews
Social Action for Women - SAW
အမှိုက်ကောက်သမား ထိုင်းနိုင်ငံသားသုံးဦးအား သတ်ခဲ့သူ မြန်မာနိုင်ငံသား တစ်ဦးအား ဖမ်းဆီးမိ
Reviewed by THITHTOOLWIN
on
15:52
Rating:
