နစ်မြုပ်ခဲ့သည့် အောင်စိုးမိုးကျော်(၂)အမြန်ရေယာဉ်၏ ဦးခေါင်းပိုင်း ဆယ်ယူပြီးစီး


စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ မိကျောင်းတွင်းကျေးရွာ အထက်ဆိပ်ကမ်းနေရာအနီး တိမ်းမှောက် နစ်မြုပ်ခဲ့တဲ့ အောင်စိုးမိုးကျော်(၂)အမြန်ရေယာဉ်ရဲ့ ဦးခေါင်းပိုင်းကို စက်တင်ဘာ(၁၉)ရက် ညနေ ၅ နာရီအချိန်မှာဆယ်ယူနိင် ခဲ့တယ်လို့သိရပါတယ်။

 ဆယ်ယူတဲ့အခါမှာ ကရိန်း ၃ စီး အခြားသဘောင်္ာ ၃ စီးနဲ့ဆယ်ယူတာ ဖြစ်ပြီးဆယ်ယူလို့ ရတဲ့ ဦးခေါင်းပိုင်းကနေအထူးခန်း အပေါ်ထပ် ၃ ခန်းရဲ့ မှန်တွေကိုခွဲပြီး သေဆုံးသူခဲ့သူတွေကို ထုတ်ယူခဲ့တာ ဖြစ်ပါတယ်။

ယာဉ်မောင်းခန်းက တန်ဖိုးရှိပစ္စည်းတွေ ဖြစ်တဲ့ ရွေ၊ငွေ တွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပိုင်ရှင်တွေ ရှေ့မှာ စီစစ်ပြီးသိမ်းဆည်းခဲ့တယ်လို့သိရပါတယ်။

 ဆယ်ယူတဲ့အခါ တစ်စီးလုံး ဆယ်ယူရရှိနိုင်ဖို့ အမိုးကို အရင်ဆုံးဖွင့်ပြီး ဆယ်ယူလို့ရပေမယ့် အမြန်ရေယာဉ်ပေါ်မှာ တန်ဖိုးရှိပစ္စည်းတွေ ပါရှိတာကြောင့် အမြန်ယာဉ်ကို မပျက်စီးစေပဲ ဆယ်ယူရတဲ့ အတွက် ဆယ်ယူရတဲ့ အချိန်ကြန့်ကြာတာဖြစ်တယ်လို့ အမြန်ရေယာဉ်ကို ဦးဆောင်ဆယ်ယူသူ ကိုမျိုးဝင်းလေးက ပြောပါတယ်။

 ဆယ်ယူရရှိတဲ့ အမြန်ရေယာဉ်အတွင်းကနေ သေဆုံးသူ ကိုးဦးကို ဆယ်ယူရရှိပြီး ချင်းတွင်းမြစ်တလျောက် ရုပ်အလောင်းဆယ် ယူရရှိမှု ၆၀ ကျော်ရှိပြီလို့ သိရပါတယ်။

 ဆယ်ယူရရှိတဲ့ ရုပ်အလောင်းတွေကို သဂြိုလ်တဲ့အခါမှ နံပတ်အလိုက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကနေ မှတ်တမ်းတွေ ယူထားတယ်လို့ သိရပါတယ်။

 အမြန်ရေယာဉ် ဆယ်ယူတဲ့ နေရာမှာ မီးသတ်အင်အား ၁၀၀ကျော်၊ ဆယ်ယူရေး အဖွဲ့ ၈၀ ကျော်၊ လူမှုကူညီရေး အဖွဲ့ဝင်အင်အား ၂၀၀ကျော်နဲ့ဆောင်ရွက်နေတယ်လို့သိရပါတယ်။

 နစ်မြုပ် အမြန်ရေယာဉ်ကို ဆယ်ယူတာ ၃ရက်မြောက်နေ့ဖြစ်ပြီး အမြန်ရေယာဉ်မောင်းသူဟာ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။ ဒီသတင်းကို မုံရွာဗျူရိုက ဘုန်းနိုင်က ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
နစ်မြုပ်ခဲ့သည့် အောင်စိုးမိုးကျော်(၂)အမြန်ရေယာဉ်၏ ဦးခေါင်းပိုင်း ဆယ်ယူပြီးစီး နစ်မြုပ်ခဲ့သည့် အောင်စိုးမိုးကျော်(၂)အမြန်ရေယာဉ်၏ ဦးခေါင်းပိုင်း ဆယ်ယူပြီးစီး Reviewed by THITHTOOLWIN on 10:17 Rating: 5
Powered by Blogger.