ရွှေအင်းသား၂ ဦး ကျောက်ချပ်ပိ၍ဆုံး


 အောက်တိုဘာလ ၁၄ ရက် ည ၇ နာရီအချိန်ခန့်က မန္တလေးတိုင်း ဒေသကြီး စဥ့်ကူးမြို့နယ်၊ ခူလယ်ကျေးရွာအုပ်စု၊ ရေမျက်ကျေးရွာအနီးရှိ သိဒ္ဓိအောင်ရွှေမိုး ရွှေသတ္တုတူးဖော်ရေးကုမ္ပဏီဝင်းအတွင်း ရွှေလုပ်သား ၂ ဦး ရွှေအင်းဆင်းလုပ်ကိုင်နေစဉ် ကျောက်ချပ်ကွာ၍ ပိမိကြောင်သတင်းအရ စဥ့်ကူးမြို့မရဲစခန်းမှ ဒုရဲအုပ်ထင်လင်းနှင့်အဖွဲ့၊ ရေမျက်ကျေးရွာ၊ ရာအိမ်မှူး ဦးသိန်းဝင်းနှင့် ကျေးရွာသူ/သားများမှ သွားရောက်ရှာဖွေ စစ်ဆေးခဲ့ရာ (၂)ဦးသေဆုံး၊ (၁)ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။


ကျောက်ချပ်ပိသေဆုံးသူ ရွှေလုပ်သား ၂ ဦးမှ ဝေဖြိုး (၂၇) (ဘ)ဦးမြင့်အောင်၊ နိုင်အောင်(၂၅)(ဘ)ဦးတင်စိန်တို့ဖြစ်၍ ဒဏ်ရာရသူ(၁)ဦးအား မန္တလေးဆေးရုံပို့ဆောင်ထားကြောင်း သိရသည်။

စိုင်းထူးခန့် 
News Watch(စောင့်ကြည့်သတင်းဂျာ
https://www.facebook.com/NewsWatchJournal
ရွှေအင်းသား၂ ဦး ကျောက်ချပ်ပိ၍ဆုံး  ရွှေအင်းသား၂ ဦး ကျောက်ချပ်ပိ၍ဆုံး Reviewed by THITHTOOLWIN on 10:17 Rating: 5
Powered by Blogger.