လျှပ်စစ်ဓာတ်ကြိုးပြတ်ကျ၍ ဆိုက်ကားမီးလောင်


ယနေ့ (အောက်တိုဘာ ၂၇ ရက် ) နံနက်​ ၇ နာရီဝန်းကျင်အချိန်က လမ်းမတော်မြို့နယ်၊ အမှတ် ၃ ရပ်ကွက်၊ အနော်ရထာလမ်း၊ ၈ လမ်းထိပ်ရှိဓာတ်တိုင်မှ လျှပ်စစ်ဓာတ်ကြိုး ဆိုက်ကားပေါ်သို့ ပြုတ်ကျ၍ ဆိုက်ကားတစီးမီးလောင်းသွားကြောင်း မြို့နယ် YESC မှ ပြောသည်။


အဆိုပါနေရာတ၀ိုက်တွင် ခိုစာရောင်းသူများရှိနေပြီး ဓာတ်ကြိုးပြတ်ကျရခြင်းမှာ လျှပ်စစ်ဓာတ်ကြိုးပေါ်သို့ နားခိုနေကြသည့် ခိုငှက်များကြောင့် ဖြစ်ကြောင်းနှင့် နံနက် ၉နာရီ အချိန်တွင် ဓာတ်ကြိုးများရှင်းလင်း၊လဲလှယ်တပ်ဆင်ပြီးစီးခဲ့ကြောင်း ၄င်းကပြောသည်။ အဆိုပါဖြစ်စဉ်ကြောင့် ထိခိုက်မှုဒဏ်ရာရမှု တစုံတရာမရှိကြောင်းလည်း သိရသည်။

Photo-Ko Thein Zaw
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
လျှပ်စစ်ဓာတ်ကြိုးပြတ်ကျ၍ ဆိုက်ကားမီးလောင်  လျှပ်စစ်ဓာတ်ကြိုးပြတ်ကျ၍ ဆိုက်ကားမီးလောင် Reviewed by THITHTOOLWIN on 11:04 Rating: 5
Powered by Blogger.