နိရဉ္စရာ၊ အောက်တိုဘာ ၁၃
သံဃာတော်တစ်ပါး၊ ဆရာ/ဆရာမ ၁၁၄ ဦး၊ ဌာနဆိုင်ရာ ၀န်ထမ်း ၅၀ ဦး၊ ဒေသခံ ပြည်သူ၁၆ ဦး၊ စုစုပေါင်း ၁၈၁ ဦးအား တောင်ပြိုမှ ဘူးသီးတောင်သို့ စစ်ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့သည်ဟု ကကပြည်မှ ပေးပို့သော သတင်းတွင် ဖော်ပြသည်။
ရဟတ်ယာဉ် နှစ်စီးဖြင့် ၆ ခေါက်ပို့ဆောင်ပေးခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။
ရဟတ်ယာဉ် တစ်စီးဖြင့် ဆရာ/ဆရာမများနှင့် ၀န်ထမ်း ၂၇ ဦးကို ဘူးသီးတောင်မှ စစ်တွေသို့ ဆက်လက် ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
ယနေ့ ပို့ဆောင်ခဲ့သည့် ဆရာဆရာမများနှင့် ဌာနဆိုင်ရာ ၀န်ထမ်းများသည် မောင်တောမြို့နယ် တောင်ပြိုဝဲ ကျေးရွာအနီးတွင် တာဝန်ထမ်းဆောင်နေသည့် ၀န်ထမ်းများ ဖြစ်ကြောင်း သိရသည်။
(ဓာတ်ပုံ- ကကပြည်)
Narinjara
https://www.facebook.com/Narinjara
ဝန်ထမ်း ၁၈၁ ဦးကို ရဟတ်ယာဉ်ဖြင့် ဘူးသီးတောင်သို့ ပို့ဆောင်
Reviewed by THITHTOOLWIN
on
04:58
Rating:
