အောက်တိုဘာ ၂၇ ။
မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၀န်ထမ်း ၃- ဦးဖြစ်သည့် မြို့နယ်အုပ်ချုပ် ရေးမှူး ၊ဒု-ဦးစီးမှူးနှင့် အကြီးတန်းစာရေးတို့အား အ ဂတိလိုက်စားမှုဖြင့် အရေးယူခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မတီမှ သိရသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြိး တံစိုးလက်ဆောင်နင့် ငွေကြေးရယူသည်ဟုဆိုကာ အဂတိ တိုက်ဖျက်ရေး ကော်မရှင်စစ်ဆေးရေးမှူး ဥိးကောင်းဇော်သန်းက ပြင်ဦး လွင်ရဲစခန်းသို့ အမှုဖွင့်တိုင်ကြား ခဲ့ခြင်း ဖြစ်သည်။
မြို့နယ်အုပ်ချုပ်ရေးမှူးသည် မန်ကျည်းအင်းကျေးရွာသစ် ပြည်ထဲရေးအမည်ေ ပါက် ရွာမြေတိုးချဲ့သတ်မှတ် ပေးရန် ကိစ္စနှင့်ပက်သက်ပြီး ငွေကျပ် သိန်းတစ်ရာကျော်၊ ဒုတိယ ဦးစီး မှူးက ငွေကျပ်သိန်း တစ်ရာကျော် ၊အကြီး တန်းစာရေး က ငွေကျပ် သိန်း၄၀-ကျော်ရယူခဲ့သည်ဟုဆိုသည်။
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုးနှင့် ဒုဦးစီးမှူးဦးကျော်ကျော်အား၂၀၁၃- ခုနှစ် အဂတိတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆၊ ဦးအောင်စိုးမိုးအား ၂၀၁၃-ခုနှစ်၊အဂတိ တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၇၊တို့ဖြင့် ပြင်ဦးလွင်ရဲစခန်းတွင် အမှုဖွင့် ထား ကြာင်း သိရသည်။
Mandalay News
ပြင်ဦးလွင်တွင် အဂတိလိုက်စားမှုဖြင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၀န်ထမ်း ၃-ဦးအား အရေးယူ
Reviewed by THITHTOOLWIN
on
20:27
Rating:
