လော့စ်အိန်းဂျလိစ်မြို့ ၌ ပစ်ခတ်မှုဖြစ်ပွားရာ ၃ ဦးသေ ၊ ၁၂ ဦးဒဏ်ရာရ


လော့စ်အိန်းဂျလိစ် ၊ အောက်တိုဘာ ၁၆ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ လော့စ်အိန်းဂျလိစ်မြို့ ၌ အောက်တိုဘာ ၁၅ ရက် က သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ ၃ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရသွားကြောင်း ရဲတပ်ဖွဲ့ ကဆိုသည်။

West Adams ခရိုင် လော့စ်အိန်းဂျလိစ်မြို့ ၌ ဖြစ်ပွားခဲ့သော ပစ်ခတ်မှုတွင် သေနတ်သမားအဖြစ် သံသယရှိသူတစ်ဦးကို ဖမ်းမိထားပြီး ၄င်းဖြစ်စဉ်နှင့်ပတ်သက်၍ ဆက်စပ်မှုရှိနိုင်သူ အခြားတစ်ဦးကို ဆက်လက် ရှာဖွေလျက်ရှိကြောင်း ရဲတပ်ဖွဲ့ က ပြောသည်။

အခင်းဖြစ်စဉ်အတွင်း သေဆုံးသွားကြသူများ၏ အသက်အရွယ်နှင့် ကျားမအမျိုးအစားကို ယခုအချိန်ထိ ထုတ်ဖော်ပြောဆိုထားခြင်း မရှိသလို ပစ်ခတ်ရခြင်းအကြောင်းအရာကိုလည်း ရှင်းရှင်းလင်းလင်းမသိရှိရသေးပေ။
ပစ်ခတ်မှုနှင့်ပတ်သက်၍ သံသယရှိသူအမျိုးသားတစ်ဦးကို ဖမ်းဆီးထားပြီး အခြား သံသယရှိသူအများအပြားကျန်ရှိနေနိုင်ကြောင်း သိရသည်။ အဆိုပါ သံသယရှိသူမှာ မည်သူမည်ဝါဖြစ်ကြောင်းကိုမူ ရဲတပ်ဖွဲ့ ကထုတ်ဖော်ပြောဆိုထားခြင်း မရှိကြောင်း သိရသည်။

China Xinhua News
လော့စ်အိန်းဂျလိစ်မြို့ ၌ ပစ်ခတ်မှုဖြစ်ပွားရာ ၃ ဦးသေ ၊ ၁၂ ဦးဒဏ်ရာရ လော့စ်အိန်းဂျလိစ်မြို့ ၌ ပစ်ခတ်မှုဖြစ်ပွားရာ ၃ ဦးသေ ၊ ၁၂ ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 19:40 Rating: 5
Powered by Blogger.