မလေးရှားနိုင်ငံ၌စစ်ဖက် ရဟတ်ယာဉ်ပျက်ကျမှုဖြစ်ပွား အများအပြားဒဏ်ရာရ

မလေးရှားနိုင်ငံ ဆာဗားပြည်နယ်၌ ပျက်ကျသွားသော စစ်ဖက်ရဟတ်ယာဉ်အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)
    ကွာလာလမ်ပူ ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ)

    မလေးရှားနိုင်ငံအရှေ့ ပိုင်း ဆာဗားပြည်နယ်ရှိ Tawau မြို့ ၌  အောက်တိုဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်သား ၁၄ ဦးလိုက်ပါစီးနင်းလာသည့် Sikorsky S-61 "Nuri" စစ်ဖက်ရဟတ်ယာဉ်တစ်စင်းသည် စာသင်ကျောင်းခေါင်မိုးတစ်ခုပေါ်သို့ ပျက်ကျသွားကြောင်း မလေးရှားရဲတပ်ဖွဲ့ က ဆိုသည်။

ရဟတ်ယာဉ်ပေါ်လိုက်ပါလာသူများအနက် ရဟတ်ယာဉ်မှူးတစ်ဦးသာ ဒဏ်ရာအနည်းငယ်ရရှိသွားသည်။ သို့ သော် SMK Balung စာသင်ကျောင်းထဲရှိ ကျောင်းသား ၇ ဦး နှင့် မြို့ ခံတစ်ဦးမှာ ဒဏ်ရာရသွားကြောင်း သိရသည်။ ဒဏ်ရာရသူအားလုံးကို နီးစပ်ရာဆေးရုံသို့ ပို့ ဆောင်၍ ဆေးကုသပေးထားကြောင်း Tawau လက်ထောက်ရဲမှူးချုပ် Fadil Marcus ကပြောသည်။

 အဆိုပါ ရဟတ်ယာဉ်သည် Tawau လေဆိပ်မှ Semporna သို့ ဦးတည် ထွက်ခွာလာစဉ် ရဟတ်ယာဉ်မှူးမှာ ရဟတ်ယာဉ်အား ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ ပျက်ကျသွားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
မလေးရှားနိုင်ငံ၌စစ်ဖက် ရဟတ်ယာဉ်ပျက်ကျမှုဖြစ်ပွား အများအပြားဒဏ်ရာရ မလေးရှားနိုင်ငံ၌စစ်ဖက် ရဟတ်ယာဉ်ပျက်ကျမှုဖြစ်ပွား အများအပြားဒဏ်ရာရ Reviewed by THITHTOOLWIN on 14:36 Rating: 5
Powered by Blogger.