![]() |
သီတင်းကျွတ် လပြည့် အဘိဓမ္မာ အခါတော်နေ့ တွင် ရွှေတိဂုံ စေတီတော်မြတ်ကြီးသို့ အနယ်နယ် အရပ်ရပ်မှ လာရောက် ဖူးမြော်ကြည်ညို ကြသည့် ဘုရားဖူး ပြည်သူများအား တွေ့ ရစဉ်(ဆင်ဟွာ) |
မြန်မာတို့ ၏ ၁၂ လ ရာသီပွဲတော်များတွင် အထင်ရှားဆုံး ပွဲတော်များတွင် တစ်ခု အပါအ၀င် ဖြစ်သည့် သီတင်းကျွတ် မီးထွန်းပွဲတော် ဖြစ်ပြီး ယနေ့ အောက်တိုဘာလ ၁၆ ရက်သည် သီတင်းကျွတ် လပြည့် အဘိဓမ္မာ အခါတော်နေ့ ဖြစ်သည်။
ဗုဒ္ဓမြတ်စွာဘုရားသည် တာဝတိံသာ နတ်ပြည်၌ အဘိဓမ္မာ ဒေသနာကို ၀ါတွင်း သုံးလ ပတ်လုံး ဟောကြား ပြီး၍ သီတင်းကျွတ် လပြည်နေ့ တွင် လူပြည်သို့ ပြန်ကြွလာသည်ကို အကြောင်းပြု၍ သီတင်းကျွတ် လပြည်နေ့ တွင် “အဘိဓမ္မာ အခါတော်နေ့ ”ကို ကျင်းပကြသည်။
ထို့ အတူ ရဟန်း သံဃာတော်များ ၀ါတွင်း သုံးလ သီတင်းသုံးကြရာမှ ကျွတ်လွတ်သော လ ဖြစ်သဖြင့် ၀ါလ ကင်းလွတ် သီတင်းကျွတ် ဟုလည်း ခေါ်ဆိုကြသည်။
သီတင်းကျွတ် ပွဲတော် အချိန်ကာလတွင် သက်ကြီးဝါကြီး လူကြီး မိဘ ဆရာသမားများအား ပူဇော် ကန်တော့ခြင်း များအား ပြုလုပ်ကြသည့် အပြင် နေအိမ် ၊ ရပ်ကွက် ၊ လမ်း နေရာတိုင်းတွင် ရောင်စုံမီးများ ထွန်းညှိ၍ သီတင်းကျွတ် ဆီမီးထွန်း ပွဲတော်အား ဆင်နွှဲကြသည်။
မြန်မာ့ ရိုးရာ ၁၂ လ ရာသီတွင် သီတင်းကျွတ်လသည် သတ္တမမြောက်လ ဖြစ်ပြီး ရာသီပန်းမှာ ကြာဖြူပန်း ( Nymphaea Lotus ) ဖြစ်သည်။
(Xinhua)
http://www.xinhuamyanmar.com
သီတင်းကျွတ် လပြည့် အဘိဓမ္မာ အခါတော်နေ့ 
Reviewed by THITHTOOLWIN
on
21:22
Rating:
