ဘာလီကျွန်းပေါ်ရှိ ကြိုးတံတားတစ်စင်းပြိုကျ ၉ ဦးသေ ၊ ၃၄ ဦးဒဏ်ရာရ

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ ပြိုကျသွားသောကြိုးတံတားအား မပြိုကျခင်မြင်တွေ့ ရစဉ်(ဆင်ဟွာ)
    ဂျကာတာ ၊ အောက်တိုဘာ ၁၇ ရက်(ဆင်ဟွာ)

    အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းပေါ်၌ အောက်တိုဘာလ ၁၆ ရက် ညပိုင်းက တံတားတစ်စင်း ပြိုကျမှုဖြစ်ပွားခဲ့ရာ လူ ၉ ဦးသေဆုံးပြီး ၃၄ ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း ဒေသတွင်း ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင်က ဆိုသည်။

အဆိုပါ ကြိုးတံတားပြိုကျမှုသည် ဒေသစံတော်ချိန် ည ၇ နာရီ ၃ဝ မိနစ်ခန့် တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၊  Nusa Lembongan နှင့် Nusa Ceningan တို့ အကြား ဆက်သွယ်ထားပေးသည့် ၄င်းကြိုးတံတားသည် လူအများအပြား အုပ်စုလိုက်ဖြတ်သန်းသွားလာခြင်းကြောင့် ပြိုကျသွားခဲ့ရခြင်းဖြစ်ကြောင်း ဘာလီ ကျွန်း၏ ကယ်ဆယ်ရေး နှင့် ရှာဖွေရေးရုံး အကြီးအကဲ Didi Hanzar ကဆိုသည်။

“ ဘာသာရေးပွဲတော်ကာလအတွင်းမှာ တံတားပေါ်ကို လူတွေ ကားတွေ အများကြီး ဖြတ်သန်းသွားလာခဲ့တယ်။ ဒါကြောင့် တံတားကို ဆွဲထားတဲ့ ကြိုးတစ်ချောင်းပျက်ကျသွားခဲ့တယ်” ဟု ကျွန်းတာဝန်ရှိသူတစ်ဦးက ဆင်ဟွာသတင်းဌာနသို့ ဖုန်းဖြင့် ဖြေကြားခဲ့သည်။

ကယ်ဆယ်ရေးအဖွဲ့ ဝင်များသည် တံတားအနီး တစ်ဝိုက်တွင် သေဆုံးသူများ နှင့် ဒဏ်ရာရသူများကို အရေးပေါ်ရှာဖွေကယ်ဆယ်နေကြောင်း ၊ အခြားသူများမှာ ရေထဲသို့ ပြုတ်ကျသွားဖွယ်ရာရှိကြောင်း Hanzar ကပြောသည်။

“ ညတုန်းကတော့ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးကို အခက်အခဲတွေကြောင့် ရပ်ခဲ့ရတယ်။ တနင်္လာနေ့ မနက် ၅ မှ ပြန်စနေပါပြီ” ဟု ၄င်းကပြောသည်။

တံတားပြိုကျစဉ် လူအုပ်ကြီး နှင့် ဆိုင်ကယ်များသည် ရေထဲသို့ ပြုတ်ကျသွားခဲ့ကြောင်း သိရသည်။ ပျောက်ဆုံးနေသူဦးရေ အတိအကျကို ယခုအချိန်ထိ မသိရှိရသေးကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့် ခွဲမှုအေဂျင်စီမှ ပြောခွင့်ရပုဂ္ဂိုလ် Sutopo Purwo nugroho က ဆင်ဟွာသို့ ပြောကြားခဲ့သည်။ဒဏ်ရာရသူ အားလုံးကို နီးစပ်ရာဆေးရုံသို့ ပို့ ဆောင်ထားကြောင်း ၄င်းက ဆိုသည်။

(Xinhua)
http://www.xinhuamyanmar.com

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ