အင်းစိန်မြို့နယ် လမ်းသစ်လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး စိန်စီ ကဖေးနှင့် ဧရာဝတီ ဘဏ် မီးလောင်ဆုံးရှုံး
အင်းစိန် လမ်းသစ်လမ်းတွင် မီးလောင်
ရန်ကုန်၊ အောက်တိုဘာ ၂၃ ။
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အင်းစိန်ဂုံးကျော်တံတား နှင့် စော်ဘွားကြီးကုန်းကြားရှိ၊ လမ်းသစ်လမ်းတွင် ယနေ့နံနက် ( အောက်တိုဘာ ၂၃ ) ၄ နာရီခန့်က မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း မီးလောင်သည့်နေရာသို့ရောက်ရှိသတင်းရယူနေသည့် AHN သတင်းထောက်က ယနေ့နံနက် ၄း၄၅ တွင်သတင်းပေးပို့သည်။
”စိန်စီဆိုတဲ့လက်ဖက်ရည်ဆိုင် အားလုံးနီးပါးမီးလောင်သွားတယ်။ သူ့ဘေးကဧရာဝတီဘဏ် အပေါ်ပိုင်းလည်း မီးလောင်သွားတယ်။ မီးလောင်ရတဲ့အကြောင်းအရင်းကို သက်ဆိုင်ရာတာဝန်ရှိသူတွေက မပြောသေးဘူး၊ ဘယ်နေရာကနေ မီးစလောင်တယ်ဆိုတာလည်း တိတိကျကျမသိရသေးဘူး၊ နာရေးကူညီမှု အသင်းကားတွေလည်းရောက်လာတယ် အခုချိန်ထိတော့ ထိခိုက်သေဆုံးမှုရှိတာကိုမတွေ့ရသေးဘူး။ မနက် ၄း၄၅ လောက်မှာ မီးကို အပြီးသတ်ငြိမ်းလိုက်နိုင်ပါတယ် ။ မီးသတ်ကား အစင်း ၂၀ ကျော်လာရောက်မီးငြိမ်းသတ်တာတွေ့ရပါတယ် ။” ဟု ၄င်းကပြောသည်။
AHN
PHOTO - AHN
The Asia Heart News
အင်းစိန်မြို့နယ် လမ်းသစ်လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး စိန်စီ ကဖေးနှင့် ဧရာဝတီ ဘဏ် မီးလောင်ဆုံးရှုံး
Reviewed by THITHTOOLWIN
on
06:32
Rating:
