ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး ရုံးအမှတ်၇ ဒုတိယခရိုင်တရားသူကြီး၂ တွင် အောက်တိုဘာ၁၂ရက် မွန်းတည့်ချိန်တွင် ရာဇသတ်ကြီး ၃၄/၁၆ ဇော်ကြီးအမှုအား စစ်ဆေးနေစဉ် တရားသူကြီးက လျှပ်စစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုအတွက် ခေတ္တသွားရမည်ဖြစ်ကြောင်း ပြောကြားကာ တရားခွင်မှ ထွက်ခွာသွားကြောင်း သိရသည်။
'' တရားသူကြီးမရှိဘဲ စစ်ဆေးတော့ တချို့အမှားအယွင်းတွေ ရှိရင် ဝင်မပြောနိုင်တော့ဘူးပေါ့။''ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက ဆိုသည်။
ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတွင် အောက်တိုဘာ ၁၂ရက် နံနက်ပိုင်းမှ စတင်ကာ လျှပ်စစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်ပေါ်နေပြီး ၄င်းတရားသူကြီးမှ ဇော်ကြီးအား စစ်ဆေးသည့်အချိန် နာရီဝက်ခန့်နီးပါး ၊ မွန်းလွဲ ၁နာရီထိုးရန် မိနစ်နှစ်ဆယ်အလိုတွင် ပြန်လည်ရောက်ရှိလာခဲ့သည်။
'' အမှုစစ်နေတုန်း နှစ်ဘက်ရှေ့နေတွေကို ပြောသွားတာမျိုး အလုပ်ရှိလို့ဆိုရင် ရပါတယ်။ ဘယ်သူကမှလည်း မကန့်ကွက်ဘူးဆိုရင်ပေါ့”ဟု တရားလွှတ်တော်ရှေ့နေ ဦးဝင်းရွှေက ပြောသည်။
လက်ရှိတွင် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး၌ မုဒိမ်းမှု လေးငါးမှုထက်မနည်း စစ်ဆေးလျက်ရှိသည်။
MTH
SKY Land News & Entertainment Media
https://www.facebook.com/skyland.news
တရားခွင်တွင် တရားသူကြီး မရှိဘဲ နာရီဝက်ခန့် မုဒိမ်းမှုစစ်ဆေး
Reviewed by THITHTOOLWIN
on
20:01
Rating:
