အိုင်အက်စ်စစ်သွေးကြွတွေက ရတ်ဘာမြို့ကို ဝင်တိုက်

မိုဆူးလ်မြို့ဝန်းကျင်ကဒေသခံတွေ ထွက်ပြေးရ
အစ္စလမ်မစ်နိုင်ငံအဖွဲ့ အိုင်အက်စ်ဟာ မိုဆူးလ်မြို့မှာ အဝိုင်းခံရတာကို အာရုံလွှဲဖို့အတွက် အီရတ်မြောက်ပိုင်းက ရတ်ဘာမြို့ကို ဝင်ရောက်တိုက်ခိုက်လိုက်ပါတယ်။

အိုင်အက်စ်အဖွဲ့ဝင်တွေဟာ ဗုံးတင်လာတဲ့ ကားငါးစီးနဲ့ အသေခံတိုက်ခဲ့တာ ဖြစ်တယ်လို့ ဒေသတွင်း အီရတ်စစ်ဗိုလ်ချုပ်ကပြောပါတယ်။

ဒါပေမယ့် အခြေအနေတွေ တည်ငြိမ်သွားပြီလို့ သူကပြောပါတယ်။

အီရတ်နဲ့ ကာ့ဒ် လက်နက်ကိုင်တပ်တွေကတော့ အီရတ်မြောက်ပိုင်းက မိုဆူးလ်မြို့မှာ အိုင်အက်စ်အဖွဲ့ဝင်တွေကို ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။

အီရတ်မှာရှိတဲ့ ကုလသမဂ္ဂယူနီဆက်ဖ်အရာရှိ ပီတာ ဟော်ကင်က မိုဆူးလ်မြို့ခံ အခြေအနေတွေနဲ့ ပတ်သက်ပြီး မိုဆူးလ်မြို့နဲ့ အနီးတဝိုက်ရွာတွေက ထွက်ပြေးလာသူ လေးထောင်ကျော်အတွက် ဒုက္ခသည် စခန်းတွေကို မရောက်ခင် ရေသန့်ရဖို့နဲ့ ရောဂါပြန့်ပွားမှုတွေ မဖြစ်ဖို့ စီစဉ်ထားတယ်လို့ ပြောဆိုထားပါတယ်။

BBC Burmese
http://www.bbc.com/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ