အိန္ဒိယမှာ တရုတ်၊ရုရှားခေါင်းဆောင်တွေပါတဲ့ ထိပ်သီးအစည်းအဝေးကျင်းပ

ဘင်္ဂလားပင်လယ်အော်နိုင်ငံများ အပါအဝင် ဘရာဇီး၊ရုရှား၊ တရုတ်နဲ့ တောင်အာဖရိကတို့ ပါဝင်တဲ့ ထိပ်သီးအစည်းအဝေး
ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်မယ့် အိန္ဒိယက ဒေသတွင်းအစည်းအဝေးအတွင်း ဆွေးနွေးမယ့် အကြောင်းအရာတွေထဲမှာ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ပူးပေါင်းကြဖို့လည်း ပါဝင်တယ်လို့ အိန္ဒိယဝန်ကြီးချုပ် နရန် ဒရာ မိုဒီက ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဘင်္ဂလားပင်လယ်အော်နိုင်ငံများ အပါအဝင် ဘရာဇီး၊ရုရှား၊ တရုတ်နဲ့ တောင်အာဖရိကတို့ ပါဝင်တဲ့ ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ ဂိုအာပြည်နယ် ဘင်နောင်လင်မြို့ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယဝန်ကြီးချုပ်အပါအဝင် တခြားနိုင်ငံ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဝန်ကြီးဌာနအသီးသီးက တာဝန်ရှိသူတွေလည်း လိုက်ပါလာပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တက်ရောက်လာတဲ့ နိုင်ငံ့ခေါင်းဆောင်တွေထဲက သီရိလင်္ကာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့က သမ္မတတွေနဲ့ ညနေပိုင်းမှာ တွေ့ဆုံပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

BBC Burmese
http://www.bbc.com/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ