ဒီးမော့ဆိုမြို့နယ်တွင် ယာဉ်တိမ်းမှောက်ရာမှ (၅) ဦးသေဆုံးပြီး ၃၅ ဦးခန့် ဒဏ်ရာရရှိ


ဒီးမော့ဆို အောက်တိုဘာ ၂၀

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးသွား ကားလမ်း မိုင်တိုင်အမှတ် ၁၆/၇ နှင့် ၁၇ မိုင်အကြား အောက်တိုဘာ ၂၀ ရက် နံနက် ၉ နာရီအချိန်က ယာဉ်မောင်း ကျော်စွာဦး မောင်းနှင်သည့် ၂/၃၄၉၂ ဒန်ဘာ လိမ္မော်ရောင်သည် ငွေတောင်ကျေးရွာ ဆည်မြောင်းရပ်ကွက်မှ လူကြီး၊လူငယ်များနှင့်
ဆည်မြောင်းဝန်ထမ်းများ လိုက်ပါ၍ ဒေါတမကြီးကျေးရွာအုပ်စု ဒေါညေးခူကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ကထိန်ခင်းရာ သွားရောက်စဉ် ဒေါဖုကျေးရွာအနီး လမ်းအဆင်းတွင် ကားဘရိတ်ပေါက်၍ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။


ဖြစ်စဉ်တွင် ယာဉ်မောင်းအပါအဝင် ၃၅ ဦးခန့် ဒဏ်ရာရရှိပြီး သေဆုံးသူ ၅ ဦး ရှိကာ ဒီးမော့ဆိုဆေးရုံတွင် အတွင်းလူနာအဖြစ် (၁၁)ဦး ဆေးကုသခံယူလျှက် ရှိကြောင်း ကျန်ဒဏ်ရာရရှိသူများကို လွိုင်ကော်ဆေးရုံကြီးတွင် ပို့ဆောင်ဆေး ကုသမှုခံယူလျှက်ရှိကာ ထိခိုက်ဒဏ်ရရှိသော လူနာစာရင်းများကို ဆက်လက်ကောက်ယူဆောင်ရွက် လျက်ရှိကြောင်း ကနဦး သတင်းရရှိသည်။


ယာဉ်တိမ်းမှောက်ဖြစ်စဉ်တွင် ယာဉ်မောင်းအား အရေးယူဆောင်ရွက်နိုင်ရန် ဒီးမော့ဆိုမြို့မရဲစခန်းမှ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မြို့နယ် ( ပြန်၊ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ဒီးမော့ဆိုမြို့နယ်တွင် ယာဉ်တိမ်းမှောက်ရာမှ (၅) ဦးသေဆုံးပြီး ၃၅ ဦးခန့် ဒဏ်ရာရရှိ ဒီးမော့ဆိုမြို့နယ်တွင် ယာဉ်တိမ်းမှောက်ရာမှ (၅) ဦးသေဆုံးပြီး ၃၅ ဦးခန့် ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 17:42 Rating: 5
Powered by Blogger.