ငါးခူရကျေးရွာ၌ အကြမ်းဖက် စီးနင်း တိုက်ခိုက်ရာတွင် ပါဝင်သူ ၆ ဦး ထပ်မံဖမ်းဆီးရမိ




နေပြည်တော် အောက်တိုဘာ ၂၁

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၉ ရက် နံနက် ၇ နာရီခွဲခန့်က သတင်းအရ ငါးခူရကျေးရွာအနီးတစ်ဝိုက် နယ်မြေရှင်းလင်းစဉ် အကြမ်းဖက် စီးနင်း တိုက်ခိုက်ရာတွင် ပါဝင်သူ ဖော်ဝီခန်း(ဘ)ဂျီးနားခန်း၊ ဖော်တိန်ခန်း (ဘ)ဂျီးနားခန်း၊ မာမတ်ရှား(ဘ)မာမတ်ယူရှား၊ ဟာဆောင်းရှာ(ဘ)ခင်မောင်ထွန်း၊ ဟူဆောင်းရှာ(ဘ) ခင်မောင်ထွန်းနှင့် မာမတ်ဆာဒက်(ဘ) ဒီမာမတ်တို့ကို ဖမ်းဆီးရမိခဲ့ သည်။


အဆိုပါ ဖမ်းဆီးရမိသူ ၆ ဦးအား ငါးခူရရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံခဲ့ပြီး တပ်မတော်စစ်ကြောင်းမှ နယ်မြေ ဆက်လက်ရှင်းလင်း ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။

(မြ၀တီ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ငါးခူရကျေးရွာ၌ အကြမ်းဖက် စီးနင်း တိုက်ခိုက်ရာတွင် ပါဝင်သူ ၆ ဦး ထပ်မံဖမ်းဆီးရမိ  ငါးခူရကျေးရွာ၌ အကြမ်းဖက် စီးနင်း တိုက်ခိုက်ရာတွင် ပါဝင်သူ ၆ ဦး ထပ်မံဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 21:37 Rating: 5
Powered by Blogger.