![]() |
Kelantan ပြည်နယ်က လူငယ်တစ်ဦး အစ္စလာမ်ဘာသာ သင်ကြားမှုအကြောင်း လေ့လာစဉ် (Credit: ABC) |
အဲဒီ ဥပဒေကြမ်းကို Kelantan ပြည်နယ်မှာ ဆွေးနွေးဖို့ ရှိနေပြီး ဝေဖန်သူတွေကတော့ hudud လို့ခေါ်တဲ့ ဥပဒေအရ ခိုးမှု ကျူးလွန်တဲ့ လူတွေကို ကြိမ်နဲ့ရိုက်တာတွေအပြင် ကိုယ်လက်အင်္ဂါ ဖြတ်တောက်လိုက်တဲ့အထိ အပြစ်ပေးနိုင်တဲ့အထိ ပြင်းထန်တဲ့ ဥပဒေ ဖြစ်တယ်လို့ ဝေဖန်နေကြပါတယ်။
Pan-Malaysian Islamic Party က အဲဒီ ဥပဒေကို အဆိုတင်သွင်းဖို့ ကြိုးစားနေတာ ဖြစ်ပြီး အစိုးရကလည်း ထောက်ခံမယ့် အရိတ်အရောင် ပြသခဲ့တာတွေ ရှိပါတယ်။
ဒါပေမဲ့ ပါတီငယ်တွေကတော့ အဲဒီဥပဒေကြမ်းကို ဆန့်ကျင်နေကြပါတယ်။
Kalantan ပြည်နယ်မှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူတွေ များပြားပြီး တင်းကြပ်တဲ့ ဘာသာရေး ဥပဒေကို ကျင့်သုံးလေ့ရှိတယ်လို့လည်း သိရပါတယ်။
ဆိုင်တွေမှာဆိုရင် အမျိုးသား၊ အမျိုးသမီး သီးသန့်စီ တန်းစီရသလို အမျိုးသမီးတွေအနေနဲ့ ကိုယ့်ကိုကိုယ် ဖုံးကွယ်ထားသင့်တယ် ဆိုတဲ့ ဆိုင်းဘုတ်တွေကိုလည်း တွေ့ရတဲ့ ပြည်နယ် ဖြစ်ပါတယ်။
Pan-Malaysian Islamic party ရဲ့ ဥပဒေကြမ်းကို Sisters in Islam အဖွဲ့က ဆန့်ကျင်နေပြီး ဒီဥပဒေကြောင့် မတရားမှုတွေ ပိုဖြစ်စေနိုင်တယ်လို့ ဝေဖန်လိုက်ပါတယ်။
အစ္စလာမ်ဘာသာကို သက်ဝင်ကိုးကွယ်တဲ့ Kalantan ပြည်နယ်မှာ အဲလို တင်းကြပ်တဲ့ ဥပဒေကို ကျင့်သုံးဖြစ်ရင် ကွာလာလမ်ပူလို မြို့ကြီးတွေရှိရာ ပြည်နယ်တွေအထိ ပျံ့နှံ့လာမှာကိုလည်း တချို့က စိုးရိမ်နေကြပါတယ်။
မလေး တရုတ်လူမျိုးအသင်းနဲ့ မလေး အိန္ဒိယ ကွန်ဂရက်တွေကတော့ အဲဒီ ဥပဒေကို အတည်ပြုမယ်ဆိုရင် အစိုးရနဲ့ ထားရှိတဲ့ ညွှန့်ပေါင်းသဘောတူညီချက်ကို ဖျက်သိမ်းမယ်လို့ ပြောဆိုထားပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
မလေးရှား ဥပဒေကြမ်းအပေါ် စိုးရိမ်မှုတွေရှိ
Reviewed by THITHTOOLWIN
on
15:54
Rating:
