မြန်မာနိုင်ငံသား (၄)ဦး မလေးရှားနိုင်ငံမှာ ပြန်ပေးဆွဲခံရ ၊ (၂)ဦး ရဲ့အလောင်းတွေ ရှာဖွေတွေ့ရှိ


မလေးရှားနိုင်ငံမှာပြန်ပေးဆွဲခံရတဲ့မြန်မာနိုင်ငံသားလေးဦးထဲက (၂)ဦးရဲ့အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ မလေးရှားရဲတပ်ဖွဲ့က အတည်ပြုလိုက်ပါတယ်။

မလေးရှားနိုင်ငံမြောက်ပိုင်း ဘာချော့ခရိုင်၊ ဘီကီလန်မြို့နယ်အတွင်းလယ်ကွက်တစ်ခုထဲကနေ အောက်တိုဘာ (၃၀)ရက်နေ့ကရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

 တွေ့ရှိတဲ့အချိန်မှာ အလောင်းတွေဟာ ပုတ်ပွနေပြီးခန္ဒာကိုယ်ပေါ်က တက်တူးတွေ အရ ပြန်ပေးဆွဲခံရတဲ့ မြန်မာတွေဖြစ်တယ်ဆိုတာ ရဲတပ်ဖွဲ့က အတည်ပြုနိုင်ခဲ့တာပါ။

 ဒီပြန်ပေးဆွဲမှုဟာ ပြီးခဲ့တဲ့ကြာသာပတေးနေ့ က ဖြစ်ပွားခဲ့တာဖြစ်ပြီး မျက်နှာဖုံးစွပ်ထားတဲ့လူကိုးဦးက မြန်မာ(၄)ဦး ကို ပြန်ပေးဆွဲခဲ့တာဖြစ်ပါတယ်။

 အခုတွေ့ရှိတဲ့ သေဆုံးသူမြန်မာနှစ်ဦးဟာ အသက်(၂၀)အရွယ်နဲ့ အသက်(၃၀)အရွယ်တွေဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - NST
5 Plus News
https://www.facebook.com/5plusnews/
မြန်မာနိုင်ငံသား (၄)ဦး မလေးရှားနိုင်ငံမှာ ပြန်ပေးဆွဲခံရ ၊ (၂)ဦး ရဲ့အလောင်းတွေ ရှာဖွေတွေ့ရှိ မြန်မာနိုင်ငံသား (၄)ဦး မလေးရှားနိုင်ငံမှာ ပြန်ပေးဆွဲခံရ ၊ (၂)ဦး ရဲ့အလောင်းတွေ ရှာဖွေတွေ့ရှိ Reviewed by THITHTOOLWIN on 20:55 Rating: 5
Powered by Blogger.