အငှားယာဉ် ငှားရမ်းစီးနင်းလာပြီး ယာဉ်အား လုယက်သူ ၂ ဦးကို ဖမ်းဆီးရမိ


ရန်ကုန်၊ အောက်တိုဘာ ၁၄

၁၃.၁၀.၂၀၁၆ ရက်နေ့ ၂၂၁၅ အချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ်နေ
အငှားယာဉ်မောင်းဖြစ်သူ ဦးသောင်းထိုက်သည် ၎င်းမောင်းနှင်သည့်
AA----TOYOTA Fielder အမျိုးအစားအငှားယာဉ်ဖြင့် အောင်မင်္ဂလာ
အဝေးပြေးဝင်း၌ ခရီးသည်စောင့်ဆိုင်းနေစဉ် အမျိုးသား ၂ ဦးမှ ဒဂုံမြို့သစ်
(အရှေ့)မြို့နယ်ရှိ ဒဂုံတက္ကသိုလ်သို့ငှားရမ်းသဖြင့် လိုက်ပါပို့ဆောင်ပေးစဉ်
ဒဂုံမြို့သစ်(အရှေ့)မြို့နယ်၊ (၆)ရပ်ကွက်၊ ကျန်စစ်သားလမ်းနှင့် ဗိုလ်မှူးဗထူး
လမ်းမီးပွိုင့်အရောက် ၁ ဦးမှ ၎င်း၏လည်ပင်းအားညှစ်ကာ ယာဉ်အား
ရပ်တန့်ခိုင်းပြီး ကျန် ၁ ဦးမှ ယာဉ်၏သော့အားလုယူသဖြင့် ရုန်းကန်
ထွက်ပြေးကာ ပတ်ဝန်းကျင်အားအော်ဟစ်အကူအညီတောင်း၍
ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ အဆိုပါအမျိုးသား ၂ ဦးအား ဖမ်းဆီးရမိခဲ့ပါသည်။

၎င်းတို့အား စစ်ဆေးချက်အရ ဒဂုံမြို့သစ်(အရှေ့)မြို့နယ်နေ ကိုထက်(ခ)
သီဟမင်းထက်၊ (၂၁)နှစ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေ ငမဲ(ခ)
ဇွဲညီညီစိုး၊ (၁၉)နှစ်တို့ဖြစ်ကြောင်းသိရှိရပြီး ၎င်းတို့အား ဒဂုံမြို့သစ်(အရှေ့)
မြို့မရဲစခန်း(ပ)၁၂၁၀/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၉၂ ဖြင့် အရေးယူ
ဆောင်ရွက်လျက်ရှိကာ အခြားလုယက်မှုများ ကျူးလွန်ထားခြင်းရှိ/မရှိ
စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
အငှားယာဉ် ငှားရမ်းစီးနင်းလာပြီး ယာဉ်အား လုယက်သူ ၂ ဦးကို ဖမ်းဆီးရမိ  အငှားယာဉ် ငှားရမ်းစီးနင်းလာပြီး ယာဉ်အား လုယက်သူ ၂ ဦးကို ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 17:42 Rating: 5
Powered by Blogger.