ရသေ့တောင်မြို့နယ်မှာ ကျပ်သန်းပေါင်း ၃၅၈၀ ဖိုးခန့်ရှိ ပိုင်ရှင်မဲ့မူးယစ်ဆေးဝါးတွေ သိမ်းဆည်းရမိ


ရသေ့တောင်မြို့နယ်မှာ ပိုင်ရှင်မဲ့မူးယစ်ဆေးဝါးတွေ သိမ်းဆည်းရမိတဲ့သတင်း

အောက်တိုဘာလ(၁၉) ရက် နေ့လည်ပိုင်းက ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ပန်းဖေါ်ပြင်ကျေးရွာ အုပ်စု၊ ရွာသာယာအနီးရှိ မေယုတောင်ခြေရင်းမှာ wy စာတမ်းပါပိုင်ရှင်မဲ့ မူးယစ်ဆေးဝါး အပြား (၁၇၉၀၀၀)ကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

 ကာလတန်ဘိုးအားဖြင့် ကျပ်သန်းပေါင်း ၃၅၈၀ ဖိုးခန့်ရှိတယ်လို့ ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူးကပြောပါတယ်။

ရသေ့တောင်မြို့နယ် စေတီပြင်စခန်းက စခန်းမှုးနဲ့အဖွဲ့ ကင်လှည့်နေစဉ်မှာ အဲဒီရွာက အမျိုးသမီး သုံးယောက်လာသတင်းပို့လို့နယ်မြေရဲနဲ့ နယ်ခြားစောင့်တပ်ပူပေါင်းပြီး သွားရောက်စစ်ဆေးပြီး သိမ်းဆည်း ရမိခဲ့ တာလို့ ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူးကပြောပြပါတယ်။

သတင်းထောက် ...... မြတ်ဝေ (စစ်တွေ)
5 Plus News
https://www.facebook.com/5plusnews


ရသေ့တောင်မြို့နယ်မှာ ကျပ်သန်းပေါင်း ၃၅၈၀ ဖိုးခန့်ရှိ ပိုင်ရှင်မဲ့မူးယစ်ဆေးဝါးတွေ သိမ်းဆည်းရမိ ရသေ့တောင်မြို့နယ်မှာ ကျပ်သန်းပေါင်း ၃၅၈၀ ဖိုးခန့်ရှိ ပိုင်ရှင်မဲ့မူးယစ်ဆေးဝါးတွေ သိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 18:23 Rating: 5
Powered by Blogger.