မောင်တော၌ ကျဆုံးသွားခဲ့သည့် ရဲတပ်ဖွဲ့ ဝင်များ၏ ကျန်ရစ်သူ မိသားစုဝင်များအား ပထမ အကြိမ် ကျပ်သိန်းပေါင်း ၃၃၁ သိန်းကျော် ထောက်ပံ့

သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကျဆုံးခဲ့သည့် ရဲတပ်ဖွဲ့ ဝင်များ၏ ကျန်ရစ်သူ မိသားစုဝင်များအား ထောက်ပံ့မှုများ ပေးအပ်စဉ်(ဓာတ်ပုံ-MOI)
    ရန်ကုန် ၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ)

    ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ်အတွင်း ကျဆုံးသွားခဲ့သည့် ရဲတပ်ဖွဲ့ ဝင်များ၏ ကျန်ရစ်သူ မိသားစုဝင်များကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပထမ အကြိမ် ကျပ်သိန်းပေါင်း ၃၃၁ သိန်းကျော်အား ယနေ့ အောက်တိုဘာ ၁၃ ရက်တွင် ထောက်ပံ့ ကူညီပေးအပ်ခဲ့ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။

ရခိုင်ပြည်နယ် မောင်တောခရိုင် အမှတ်(၁)နယ်ခြားစောင့် ရဲကွပ်ကဲမှုနယ်မြေအတွင်း ကျီးကန်းပြင်၊ ကိုးတန်ကောက်၊ ငါးခူရနယ်မြေစခန်းများကို အောက်တိုဘာ ၉ရက်နေ့ နံနက် ၁နာရီခွဲခန့်က အကြမ်းဖက် စီးနင်းတိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၉ဦးကျဆုံး၊ ၄ဦးဒဏ်ရာရရှိ၍ လက်နက်မျိုးစုံ ၅၁လက်နှင့် ကျည်မျိုးစုံ အတောင့် ၁ဝ၁၄ဝ၊ လှံစွပ် တစ်ခု၊ ကျည်အိမ် ၂၇ ခု ဆုံးရှုံးသွားခဲ့ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနတွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။ရခိုင်ဖြစ်စဉ်အတွင်း ကျဆုံးသွားသည့်သူများနှင့် ကျန်ရစ်သူ မိသားစုဝင်များအတွက် ထိထိရောက်ရောက် ထောက်ပံ့ကူညီပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ညွှန်ကြားထားကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
မောင်တော၌ ကျဆုံးသွားခဲ့သည့် ရဲတပ်ဖွဲ့ ဝင်များ၏ ကျန်ရစ်သူ မိသားစုဝင်များအား ပထမ အကြိမ် ကျပ်သိန်းပေါင်း ၃၃၁ သိန်းကျော် ထောက်ပံ့  မောင်တော၌ ကျဆုံးသွားခဲ့သည့် ရဲတပ်ဖွဲ့ ဝင်များ၏ ကျန်ရစ်သူ မိသားစုဝင်များအား ပထမ အကြိမ် ကျပ်သိန်းပေါင်း ၃၃၁ သိန်းကျော် ထောက်ပံ့ Reviewed by THITHTOOLWIN on 17:59 Rating: 5
Powered by Blogger.