ဘင်္ဂါလီငါးဦးကို ရန်ကုန်သို့ရောက်အောင်ပို့ဆောင်ပေးသည့် လူပွဲစားနှစ်ဦးကို ရခိုင်ပြည်နယ် ကျောက်တော်၊ မူဆလင်ရွာတွင်ဖမ်းမိ


ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် အရိုးကုန်းရပ်ကွက် ဗညားဒလလမ်း အိမ်အမှတ် (၂၆၁) အပေါ်ဆုံးထပ်သို့ ရောက်ရှိနေသည့် ဘင်္ဂါလီငါးဦးကို ရန်ကုန်သို့ရောက်အောင် ပို့ဆောင်ခဲ့သည့် လူပွဲ စားနှစ်ဦးကို ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ မူဆလင်ကျေးရွာ နှစ်ရွာတွင် အောက်တိုဘာ ၂၆ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါနှစ်ဦးမှာ ကျောက်တော်မြို့နယ် ခေါင်းတုတ်ကျေးရွာတွင် နေထိုင်သည့် ဆာလီအာမက် (၂၂)နှစ် (ဘ)ဦးမာမွတ်၊ ကျောက်တော်မြို့နယ် အပေါက်ဝ အလယ်ရွာနေ မာစီးတီး (ခ)မောင်လှသိန်း (ကျဘမ်း) (၂၈)နှစ် (ဘ)ဦးယူနာလီတို့ဖြစ်ကြောင်း၊ နှစ်ဦးစလုံးမှာ မူဆလင်လူမျိုး အစ္စလာမ်ဘာသာဝင်များဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သော အောက်တိုဘာ ၂၂ ရက်က အထက်ပါ ရပ်ကွက် လမ်းနှင့် အိမ်အမှတ်တို့တွင် နေထိုင်နေသည့် ဘင်္ဂါလီငါးဦးကို တာမွေမြို့မ ရဲစခန်းမှ ပြည်သူများ၏ ပူးပေါင်းဆောင်ရွက် သတင်းပေးမှုကြောင့် ဖမ်းဆီးရမိခဲ့ပြီး နောက်စစ်ဆေးချက်များအရ အဆိုပါ ဘင်္ဂါလီငါးဦးကို လူပွဲစားအဖြစ် ရန်ကုန်သို့ရောက်အောင် ပို့ဆောင်ပေးသူ များမှာ ကျောက်တော်မြို့နယ်အတွင်း နေထိုင်ရောက်ရှိကြောင်း သိရှိရသဖြင့် တာမွေမြို့မရဲစခန်းနှင့် ကျောက်တော်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

တာမွေမြို့နယ်တွင် ဖမ်းဆီးရမိခဲ့သည့် ဘင်္ဂါလီငါးဦးမှာ မောင်လှ(ခ)ကိုရီမိုဒီ၊ ရွှေမောင်(ခ)ဆူရီနိုရီ၊ လာလူး၊ ဆူနီရာဒမ်ဘာ၊ နာစီး ဆိုသူတို့ ၎င်းတို့ကို လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေအရ အရေးယူဆောင်ရွက်သွား
မည်ဖြစ်ကြောင်း တာမွေမြို့မရဲစခန်းမှ သတင်းရရှိသည်။

AT
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
ဘင်္ဂါလီငါးဦးကို ရန်ကုန်သို့ရောက်အောင်ပို့ဆောင်ပေးသည့် လူပွဲစားနှစ်ဦးကို ရခိုင်ပြည်နယ် ကျောက်တော်၊ မူဆလင်ရွာတွင်ဖမ်းမိ  ဘင်္ဂါလီငါးဦးကို ရန်ကုန်သို့ရောက်အောင်ပို့ဆောင်ပေးသည့် လူပွဲစားနှစ်ဦးကို ရခိုင်ပြည်နယ် ကျောက်တော်၊ မူဆလင်ရွာတွင်ဖမ်းမိ Reviewed by THITHTOOLWIN on 16:57 Rating: 5
Powered by Blogger.