ပဲခူးတိုင်း ၂၈ မြို့နယ်က အန်အယ်လ်ဒီပါတီဝင်တွေ တွေ့ဆုံ

(ပဲခူးမြို့၊ ရွှေသာလျောင်းဗိမာန်မှာ အောက်တိုဘာလ ၈ ရက်နေ့က ကျင်းပတဲ့ ပဲခူးတိုင်း ၂၈ မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေ တွေ့ဆုံပွဲမှာ NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန် ကို တွေ့ရစဉ်) ဓါတ်ပုံ - ပြည် (NLD)
တိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ချိတ်ဆက်ပြီး ပြည်သူတွေရဲ့ အကျိုးကိုဆောင်ရွက်ဖို့ NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ဒီနေ့ ပဲခူးတိုင်းက NLD ပါတီဝင်တွေ၊ တိုင်းအစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာ ပြောလိုက်ပါတယ်။

ဒီနေ့ ပဲခူးမြို့၊ ရွှေသာလျောင်းဗိမာန်မှာ ကျင်းပတဲ့ ပဲခူးတိုင်း ၂၈ မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေ တွေ့ဆုံပွဲမှာ ဦးဝင်းထိန်က တိုင်းနဲ့ ပြည်နယ် အစိုးရအဖွဲ့တွေ ပါတီနဲ့ ကင်းကွာနေတဲ့အကြောင်း ပြောခဲ့တာဖြစ်တယ်လို့ ပဲခူးတိုင်းဒေသကြီး အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအေးချိုက ပြောပါတယ်။

"ဦးဝင်းထိန်အနေနဲ့ ပြောသွားတာကတော့ တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့တွေဟာ ပါတီရဲ့မူဝါဒအတိုင်း ပါတီနဲ့ချိတ်ဆက်ပြီး လုပ်ဖို့ပေါ့။ ပါတီနဲ့နည်းနည်းကင်းကွာနေတဲ့ သဘောမျိုးလေးတွေ ရှိတယ်တဲ့။ အဲ့ဒါလေးတွေကို ပြင်ဆင်ကြဖို့ ဒီပဲခူးတိုင်းဒေသကြီး အစိုးရကို ပြောတယ်။ ပါတီနဲ့ ကင်းကွာထဲက ပြည်သူနဲ့ကင်းကွာနေတဲ့ သဘောမျိုး အဲဒီတော့ပါတီနဲ့ချိတ်ဆက်ပြီး လုပ်ဖို့ပေါ့"

ပဲခူးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းလုံးကျွတ်ပါတီဝင်တွေ တွေ့ဆုံပွဲကို ၂ဝ၁၄ ခုနှစ်က ပထမအကြိမ်ပြုလုပ်ခဲ့ပြီး ဒီနေ့ကျင်းပတာဟာ ဒုတိယအကြိမ်ဖြစ်ပါတယ်။

တွေ့ဆုံပွဲမှာ ပါတီနာယက သူရဦးတင်ဦးက ပါတီဝင်တွေ စည်းကမ်းရှိကြဖို့နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေကို လိုက်နာကြဖို့ မှာကြားတယ်လို့ ဦးအေးချိုက ပြောပါတယ်။

တွေ့ဆုံပွဲကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနဲ့ တိုင်းဝန်ကြီးတွေနဲ့ ပဲခူးတိုင်း ၂၈ မြို့နယ်က အန်အယ်လ်ဒီ ပါတီဝင်တွေ ၄ဝဝ လောက် တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ