အီရတ်က အမေရိကန်တပ်စခန်း ကန့်ဓါတ်ငွေ့ဒဏ် ကာကွယ်နေရ

နှစ်ရက်ဆက် ပြန့်နေတဲ့ ကန့်ဓါတ်ငွေ့တွေ
အီရတ်က ကိုင်ယာရာလေတပ်စခန်းကို ဦးတည်လာတဲ့ ကန့်ဓါတ်အဆိပ်ငွေ့တွေကြောင့် အမေရိကန်တပ်သားတွေ ဓါတ်ငွေ့ကာ မျက်နှာဖုံးတွေနဲ့ ကာကွယ်ထားရပါတယ်။

မိုဆိုးမြို့တောင်ဘက်က အယ်မစ်ရှရက်ဒေသမှာရှိတဲ့ ကန့်ဓါတ်ထုတ် စက်ရုံတရုံကို အိုင်အက်စ်အဖွဲ့တွေက မနေ့က ဖောက်ခွဲလိုက်တဲ့အတွက် အခုလို အဆိပ်ငွေ့တွေ ထွက်လာတာ ဖြစ်ပါတယ်။

မိုဆိုးမြို့သိမ်းတိုက်ပွဲခြောက်ရက်မြောက်နေ့အတွင်း မိုဆိုးမြို့ကနေ ကီလိုမီတာ ၂၀ကွာတဲ့ ကာရာကို့ရှ်မှာ တိုက်ပွဲအပြင်းထန်ဆုံးဖြစ်နေပါတယ်။

အဲဒီ့နေရာမှာ အီရတ်စစ်တပ်က နိုင်ငံ့အလံ လွှင့်ထူနိုင်ခဲ့ပေမယ့် အစ္စလမ်မစ်နိုင်ငံအဖွဲ့ရဲ့ ပြန်လည် တိုက်ခိုက်မှုတွေလည်း ကြုံနေရပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာဟာ အီရတ်နိုင်ငံက မိုဆိုးမြို့သိမ်းတိုက်ပွဲ အခြေအနေကို စစ်ဆေးဖို့အတွက် အီရတ်နိုင်ငံကို ရောက်ရှိနေပါတယ်။

မိုဆိုးတိုက်ပွဲဖြစ်စဉ်မှာ တူရကီတပ်တွေပါဖို့ မလိုအပ်သေးကြောင်း အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါ အယ်အဘာဒီက မစ္စတာ ကာတာနဲ့ တွေ့ဆုံတဲ့အချိန်မှာ ပြောဆိုလိုက်ပါတယ်။

တူရကီနိုင်ငံကတော့ တိုက်ပွဲဖြစ်စဉ်မှာ သူလည်း ပါသင့်တယ်လို့ ပြောဆိုထားတဲ့အတွက် အီရတ်နဲ့ အခြေအနေတင်းမာမှုတချို့ ရှိနေပါတယ်။

မိုဆိုးမြို့သိမ်းတိုက်ပွဲမှာ အီရတ်စစ်တပ်နဲ့ အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေအပြင် ကာ့ဒ်တပ်ဖွဲ့တွေလည်း ပါဝင်နေပါတယ်။

BBC Burmese
http://www.bbc.com/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ