မောင်တောမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့များ လွယ်ကူစွာ မသွားလာနိုင်အောင် သစ်ပင်များ ခုတ်လှဲပြီး လမ်းပိတ်ဆို့မှုများရှိ
![]() |
(သစ်ပစ်ခုတ်လှဲထားသည်ကို တပ်မတော်သားများ ဖယ်ရှားနေစဉ်) |
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ လွယ်ကူစွာ သွားလာ၍ မရအောင် အကြမ်းဖက် တိုက်ခိုက်နေသည့် အဖွဲ့နှင့် အပေါင်းအပါများမှ သစ်ပင်များကို ခုတ်လှဲကာ လမ်းများကို ပိတ်ဆို့မှုများ ပြုလုပ်နေကြောင်း သိရှိရသည်။
တပ်မတော်နှင့် နီးစပ်သူ အပြောအရ ကားလမ်းပေါ်တွင်သာမက ဘင်္ဂလီကျေးရွာများတွင်လည်း ရွာထဲသို့ မ၀င်နိုင်အောင် သစ်ပင်ကြီးများကို ခုတ်လှဲထားသည်ဟု သိရသည်။
သို့အတွက် တပ်မတော် စစ်ကြောင်းများအနေဖြင့် သံဖြတ်လွှစက် ( Chain Saw) များကိုပါ နယ်မြေရှင်းလင်းရာတွင် ယူဆောင်နေကြရကြောင်း သိရသည်။
Narinjara
https://www.facebook.com/Narinjara
မောင်တောမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့များ လွယ်ကူစွာ မသွားလာနိုင်အောင် သစ်ပင်များ ခုတ်လှဲပြီး လမ်းပိတ်ဆို့မှုများရှိ
Reviewed by THITHTOOLWIN
on
04:59
Rating:
