သင်္ကန်းဝတ်ဖြင့် သာသနာတော်ကို ညှိုးနွမ်းအောင်ပြုလုပ်သူ ၈ ဦးကို ဓမ္မ၀ိနယနှင့်အညီ မြို့နယ်သံဃာ့နာယကအဖွဲ့မှ လူဝတ်လဲ အရေးယူ


နေပြည်တော် သပြေကုန်းဈေးအတွင်းရှိ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များ၊ ဈေးဆိုင်များအတွင်း နေ့စဉ် လှည့်လည်အလှူခံလေ့ရှိသည့် သင်္ကန်းဝတ်ရှစ်ဦးအား အောက်တိုဘာ ၂၃ ရက်နေ့က ထိန်းသိမ်းပြီး မြို့နယ်သံဃနာယကဆရာတော် ၀ိဇီတာရုံပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော် ဦးက၀ိန္ဒက သံဃာဝိနည်းဆိုင်ရာ စစ်ဆေးမေးမြန်းမှုပြုလုပ်ခဲ့ရာတွင် ရဟန်းသိက္ခာနှင့်ညီညွတ်မှုမရှိကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ

၁။ ဦးကုမာရ လူအမည် ဦးတင်ငွေ (၇၀) နှစ် (ဘ) ဦးအေးအေး၊ ကျဘမ်း၊ ရွှေနံ့သာကျေးရွာ၊ နေပြည်တော်။

၂။ ဦးညီသိန်း (၅၅) နှစ် (ဘ) ဦးအုန်း၊ ကျဘမ်း၊ လယ်ဝေး၊ ရဟန်းအမည် ဇနတိက။

၃။ ဦးတင်လှ (၆၆) နှစ် (ဘ) ဦးကြာညွန့်၊ ကျဘမ်း၊ တောင်ငူ၊ ရဟန်းအမည် ဦးပဏ္ဍ၀။

၎။ ဦးမောင်မောင်စိုး (၃၆) နှစ်၊ (ဘ)ဦးသိန်းထွန်း၊ လယ်လုပ်၊ ရခိုင်ပြည်နယ်၊ မြေပုံမြို့၊ ရဟန်းအမည် ဦးပညာဒီပ။

၅။ ဦးကျော်သန်း၊ ရဟန်းအမည် ဦးနန္ဒ၊ (၅၄) နှစ် (ဘ)ဦးစိုးအုပ်။

၆။ ဦးကေ (၆၀) နှစ်၊ ရဟန်းအမည် ခေမိန္ဒ (ဘ) ဦးဟန်၊ ပျဉ်းမနား။

၇။ ဦးအောင်အောင်ထွေး (၄၈) နှစ် ရဟန်းအမည် ဦးအာသဖ (ဘ) ဦးထွန်းမြဦး စစ်တွေ။

၈။ ဦးတင်လွန်း ရဟန်းအမည် ဦးသောဘန(၄၄)နှစ် (ဘ) ဦးအုန်းမောင် ဒက္ခိဏသီရိမြို့နယ် နေပြည်တော်နေသူ ရှစ်ဦးတို့အား လူဝတ်လဲစေပြီး မြို့နယ်သာသနာရေးဦးစီးမှူး ဦးလှမင်းမှ မြို့နယ်သံဃနာယက ဆရာတော်ကြီး၏ သြ၀ါဒဖြင့် နေပြည်တော် အမှတ် (၁)မြို့မ ရဲစခန်းတွင် သာသနာညှိုးနွမ်းစေမှု ပုဒ်မ (၂၉၅-က) ဖြင့် အမှုဖွင့် အရေးယူတိုင်ကြားခဲ့ပါသည်။


အဆိုပါ သင်္ကန်းဝတ်ရှစ်ဦးအား နေပြည်တော်မြို့နယ် သံဃနာယကဥက္ကဌဝိဇိတာရုံ ပရယတ္တိစာသင်တိုက်နာယကဆရာတော်က တပါးချင်း ဝိနည်းတော်ကိုသိပါသလား၊ သိက္ခာပုဒ်ကိုသိပါသလား၊ သံဃာများကို ပါရာဇိကကျစေသည့်အချက်များကို သိရှိပါသလားစသည့် သာသနာနှင့်သက်ဆိုင်သည့်မေးခွန်းများကို မြို့နယ်သာသနာရေးဦးစီးမှူး ဦလှမင်းရှေ့တွင် မေးမြန်းရာ အလှူခံသင်္ဃာန်းဝတ် (၈) ပါးစလုံးမှ ဖြေဆိုနိုင်ခြင်းမရှိ၍ သာသနာတော်သန့်ရှင်းစင်ကြယ်စေရန် ၎င်းတို့အား လူဝတ်လဲစေခြင်းဖြစ်ကြောင်း ဥက္ကဌဆရာတော်မှ မိန့်ကြားပါသည်။

နေပြည်တော် ဇမ္မူသီရိမြို့နယ် မြို့နယ်သံဃနာယကဆရာတော်ကြီးများ၊ မြို့နယ်သာသမာရေးဦးစီးမှူး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးမှူး၊ စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်လုံးဆိုင်ရာ သာသနဥပတ္ထမ္ဘကအဖွဲ့တို့ ကြီးမှူး၍ အောက်တိုဘာ ၁၈ ရက်နေ့ ညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်အရ မြို့နယ်အတွင်း ဈေးများ၊ စားသောက်ဆိုင်များတွင် အလှူခံနေကြသည့် သံဃာ၊ သီလရှင်၊ ကိုရင်များအား သာသနာညှိုးနွမ်းစေမှုဖြင့် အရေးယူမည်ဖြစ်ကြောင်း ကြေညာစာများကပ်ပြီးနောက် အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းတွင် တာဝန်ရှိသူများက ဈေးအတွင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
သင်္ကန်းဝတ်ဖြင့် သာသနာတော်ကို ညှိုးနွမ်းအောင်ပြုလုပ်သူ ၈ ဦးကို ဓမ္မ၀ိနယနှင့်အညီ မြို့နယ်သံဃာ့နာယကအဖွဲ့မှ လူဝတ်လဲ အရေးယူ  သင်္ကန်းဝတ်ဖြင့် သာသနာတော်ကို ညှိုးနွမ်းအောင်ပြုလုပ်သူ ၈ ဦးကို ဓမ္မ၀ိနယနှင့်အညီ မြို့နယ်သံဃာ့နာယကအဖွဲ့မှ လူဝတ်လဲ အရေးယူ Reviewed by THITHTOOLWIN on 14:39 Rating: 5
Powered by Blogger.