မြိတ်မြို့၌ တရုတ်နိုင်ငံသား အလုပ်ရှင်မှ အလုပ်သမား အမျိုးသမီးငယ်များအား ကာယအိနြေ္ဒ ပျက်ပြားအောင် ပြုလုပ်သည့် အတွက် ဖမ်းဆီးအရေးယူ


မြိတ်မြို့၌ ကြိမ်သီး ပုတီးစေ့ လုပ်ငန်း လုပ်ကိုင်သည့် အလုပ်ရုံပိုင်ရှင် တရုတ်နိုင်ငံသား မှ အလုပ်သမား အမျိုးသမီးငယ်များအား ကာယအိနြေ္ဒ ပျက်ပြားအောင် ပြုလုပ်ခြင်း၊ ညစ်ညမ်းပုံများ ပြသခြင်းတို့ ပြုလုပ်ခဲ့သဖြင့် တရုတ်နိုင်ငံသားအား အရေးယူ ဆောင်ရွက် ထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့ (၉)နာရီကျော်ခန့် အချိန်တွင် ကလွင်ရေပုန်းရပ် တက္ကသိုလ် ရိပ်သာ(၄)လမ်းရှိ ကြိမ်သီးပုတီးစေ့ အလုပ်ရုံမှ အလုပ်ရှင် တရုတ်နိုင်ငံသား zhawg Quan (ခ) တာကွန်း အသက်(၃၄)နှစ်မှ အလုပ်သမား ဖြစ်သူ မထက်ထက် အသက်(၁၈)နှစ် (ဘ) ဦးကျော်ကျော်အား ကာယအိနြေ္ဒ ပျက်ပြားအောင် ပြုမူခဲ့ကြောင်း ကလွင် အုပ်ချုပ်ရေးမှူး ရုံးသို့ လာရောကိတိုင်တန်းသဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးမင်းနှင့် မြို့မရဲစခန်းမှူး ဒုရဲမှူး ၀င်းဇော်ဦးတို့မှ စစ်ဆေးခဲ့သည်။

စစ်ဆေးချက်များအရ အလုပ်ရှင် တရုတ် နိုင်ငံသား zhawg Quan (ခ) တာကွန်းသည် မထက်ထက်မှ ကြိမ်သီး ရေဆေးနေစဉ် နောက်ဖက်မှ နေပြီး ရင်သားအားကိုင်ခြင်း၊ တင်ပါးအား ကိုင်ခြင်းတို့ပြုလုပ်သည့် အပြင် အခြား အလုပ်သမား အမျိုးသမီး ၄ ဦးကိုလည်း ၄င်း၏ ဖုန်းထဲမှ အမျိုးသား အမျိုးသမီးများ၏ ညစ်ညမ်းပုံများ ပြသခဲ့မှုအပေါ် မထက်ထက်က တိုင်ကြားခဲ့မှုကြောင့် မြိတ်မြို့မ ရဲစခန်းမှ (ပ) ၁၇၈၂/ ၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၅၄/၂၉၂-က ဖြင့် အမှုဖွင့်ကာ ရဲအုပ်ဝင်းမြင့်ထွန်းမှ အမှုစစ် အဖြစ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထို့အပြင် အဆိုပါ တရုတ်နိုင်ငံသား zhawg Quan (ခ) တာကွန်းသည် လုပ်ငန်းဗီဇာဖြင့် လာသော်လည်း လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် မရှိဘဲ လုပ်ဆောင်ခြင်း၊ သက်ဆိုင်ရာ ဌာနသို့ သတင်းပို့ရန် ပျက်ကွက်ခြင်းကြောင့် လ၀က အက်ဥပဒေ ပုဒ်မ ၁၃(၁) အရပါ အမှုဖွင့် အရေးယူ ဆောင်ရွက် ထားကြောင်း သိရှိရသည်။

မြိတ်ပုလဲမြေ
https://www.facebook.com/myeiknews/
မြိတ်မြို့၌ တရုတ်နိုင်ငံသား အလုပ်ရှင်မှ အလုပ်သမား အမျိုးသမီးငယ်များအား ကာယအိနြေ္ဒ ပျက်ပြားအောင် ပြုလုပ်သည့် အတွက် ဖမ်းဆီးအရေးယူ မြိတ်မြို့၌ တရုတ်နိုင်ငံသား အလုပ်ရှင်မှ အလုပ်သမား အမျိုးသမီးငယ်များအား ကာယအိနြေ္ဒ ပျက်ပြားအောင် ပြုလုပ်သည့် အတွက် ဖမ်းဆီးအရေးယူ Reviewed by THITHTOOLWIN on 04:22 Rating: 5
Powered by Blogger.