အမြန်လမ်းတွင် ယာဉ်ငယ်တစ်စီး လမ်းလယ်ကျွန်းတိုက်၊ ယာဉ်မောင်းဒဏ်ရာရ


နေပြည်တော် အောက်တိုဘာ ၃

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၏ ဘုရားလမ်း အမြန်လမ်းရဲတပ်ဖွဲ့ စခန်းပိုင် မိုင်တိုင်အမှတ် (၂၂၃/၆) နှင့် (၂၂၃/၇)ကြားတွင် ယနေ့မွန်းလွဲ ၁ နာရီ မိနစ် ၂ဝ က မန္တလေးမှ နေပြည်တော်သို့ ယာဉ်မောင်းဘုန်းမြင့် ကျော် မောင်းနှင်လာသော NISSAN GTR SALOON ကားသည် အရှိန် မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းတွင် ကာထားသော ဘာရီယာတုံးအား တိုက်မိကာ ရပ်တန့်သွားခဲ့သည်။

ဖြစ်စဉ်ကြောင့် SALOON ကား မှာ ခန့်မှန်းတန်ဖိုး သိန်း ၂ဝ ခန့် ပျက်စီးသွားပြီး ယာဉ်မောင်းဘုန်းမြင့် ကျော်မှာ ဝဲခြေထောက်တွင် ဒဏ်ရာ ရရှိခဲ့၍ ¤င်းအား တပ်ဖွဲ့ပိုင်ယာဉ်ဖြင့် နေပြည်တော်ခုတင် (၁ဝဝဝ) ဆေးရုံ ကြီးသို့ ပို့ဆောင်ပေးခဲ့သည်။

အဆိုပါ ယာဉ်မတော်တဆမှုကြောင့် ယာဉ်ကို မဆင်မခြင် ပေါ့လျော့စွာ မောင်းနှင်သော ယာဉ်မောင်းအား (ပ)၁ဝ/၂ဝ၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈ အရ အမှုဖွင့်အရေးယူစစ်ဆေးလျက်ရှိကြောင်း သိရသည်။

သန်းဦး(လေးမျက်နှာ)
The Mirror Daily
https://www.facebook.com/TheMirrorDaily/
အမြန်လမ်းတွင် ယာဉ်ငယ်တစ်စီး လမ်းလယ်ကျွန်းတိုက်၊ ယာဉ်မောင်းဒဏ်ရာရ အမြန်လမ်းတွင် ယာဉ်ငယ်တစ်စီး လမ်းလယ်ကျွန်းတိုက်၊ ယာဉ်မောင်းဒဏ်ရာရ Reviewed by THITHTOOLWIN on 09:56 Rating: 5
Powered by Blogger.