အမေရိကန်ကျောက်ကုန်သည်များအသင်း မိုးကုတ်ကျောက်တွေ ၀ယ်ယူဖို့ ကမ်းလှမ်းလာ


အောက်တိုဘာလ (၁၀) ရက်နေ့က မိုးကုတ်ကို လာရောက်လည်ပတ်ခဲ့တဲ့ အမေရိကန်ကုန်သည်များအသင်းဟာ မိုးကုတ်မြို့ရှိ ကျောက်မျက်လုပ်ငန်းရှင် များအသင်း၊ ထာပွဲကျောက်ကုန်သည်များအသင်းနဲ့ တခြားအဖွဲ့အစည်းအ သီးသီးနဲ့ တွေ့ဆုံခဲ့ပါတယ် ။

 အနာဂတ်မှာ မိုးကုတ်က ထွက်တဲ့ ကျောက်တွေကို ၀ယ်ယူသွားမယ့် အရေးအပြင် ၊ လက်တွဲလုပ်ဆောင်လိုတဲ့ အပိုင်းတွေကို ဆွေးနွေးခဲ့ပါတယ် ။

 ကျောက်တွင်းတူးတဲ့ကုမ္ပဏီတွေ ၊ ကျောက်တွင်းတူးတဲ့ သူတွေနဲ့ တွေ့ဆုံခဲ့သလို ကျောက်ဈေးကိုလည်း သွားရောက်ခဲ့ပြီး ကျောက်ကုန်သည်လုပ်ငန်းရှင်များအသင်းနဲ့ လည်း တွေ့ခဲ့ပါတယ် ။


 အမေရိကန်ကျောက်ကုန်သည်အသင်းရဲ့ လာရောက်တွေ့ဆုံ ကမ်းလှမ်းခဲ့တဲ့ ခရီးစဉ်ကြောင့် ကျောက်အရောင်း အ၀ယ်ဈေးကွက် ရပ်နေတာကြာပြီဖြစ်တဲ့ မိုးကုတ်မြို့ခံတွေ အတွက် မျှော်လင့်ချက်တွေ ဖြစ်လာရတယ်လို့ ဆိုပါတယ် ။

 အရင်က မိုးကုတ်ကထွက်ရှိတဲ့ ကျောက်တွေကို ထိုင်း ဘက်ကမ်းမှာ အမေရိကန်ဝယ်လက်ကို အောက်ဈေးနဲ့ ရောင်းနိုင်ဖို့ ကြိုးစားခဲ့ရပေမယ့် တိုက်ရိုက်အခုလိုလာရောက်ကမ်းလှမ်းလာတဲ့အတွက် ကျောက်ဈေးကွက် ပြန်လည်အသက်ဝင်လာဖို့ မျှော်လင့်ကြတယ်လို့ ဆိုပါတယ် ။

သတင်းထောက် …………. မိုးဇော် ( မိုးကုတ်သတင်းထောက်)
5 Plus News
https://www.facebook.com/5plusnews/
အမေရိကန်ကျောက်ကုန်သည်များအသင်း မိုးကုတ်ကျောက်တွေ ၀ယ်ယူဖို့ ကမ်းလှမ်းလာ  အမေရိကန်ကျောက်ကုန်သည်များအသင်း မိုးကုတ်ကျောက်တွေ ၀ယ်ယူဖို့ ကမ်းလှမ်းလာ Reviewed by THITHTOOLWIN on 18:26 Rating: 5
Powered by Blogger.