ဒီးမော့ဆို အောက်တိုဘာ ၂၈
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် ဆောင်ဒူလာကျေးရွာအုပ်စု ဆော်ပထန်ကျေးရွာနေ ဦးမိုင်းစူ(ခ) ဦးအေးဟန် နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ M21 အမျိုးအစား သေနတ်(ကောင်း) တစ်လက်၊ တစ်တောင့်ထိုး လုပ်သေနတ်(ကောင်း) တစ်လက်၊ တူမီးသေနတ် သုံးလက် စုစုပေါင်း သေနတ် (၅) လက်နှင့် လက်နက်အပိုင်းအစများ၊ သေနတ်ပြုလုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများ ရှာဖွေသိမ်းဆည်းရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၂၇ ရက် ညနေ ၃ နာရီ ၃၀ မိနစ် အချိန်တွင် ပြည်နယ်မူ/ကူအဖွဲ့မှ ရဲအုပ် မြင့်ဇော် ဦးစီး တပ်ဖွဲ့ဝင်များ၊ ခရိုင်မူ/နှိမ်ဌာနစုမှ ရဲအုပ် မြသန်း ဦးစီး တပ်ဖွဲ့ဝင်များ၊ ဒီးမော့ဆိုမြို့မရဲစခန်းမှ နယ်ထိန်းတပ်ကြပ်ကြီး ဇော်ဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ သက်သေများနှင့်အတူ ဆောင်ဒူလာကျေးရွာအုပ်စု ဆော်ပထန်ကျေးရွာနေ ဦးမိုင်းစူ(ခ) ဦးအေးဟန် နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ M21 အမျိုးအစား သေနတ်(ကောင်း) တစ်လက်၊ တစ်တောင့်ထိုး လုပ်သေနတ်(ကောင်း) တစ်လက်၊ တူမီးသေနတ် သုံးလက် စုစုပေါင်း သေနတ် (၅) လက်နှင့် လက်နက် အပိုင်းအစများ၊ သေနတ်ပြုလုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများ ရှာဖွေသိမ်းဆည်းရမိကြောင်း သိရသည်။
သေနတ်(၅)လက်နှင့်အတူ သေနတ်ပြုလုပ်ရာတွင် အသုံးပြုသော ကိရိယာများ၊ ဆက်စပ်ပစ္စည်းများကို လိုင်စင်မဲ့ ကိုင်ဆောင်ပြုလုပ်သူ ဦးမိုင်းစူ(ခ) ဦးအေးဟန်(သ) ၄၉ နှစ်အား ဒီးမော့ဆိုမြို့မရဲစခန်းမှ (ပ)၂၇/၂၀၁၆၊ လက်နက်များ အက်ဥပဒေပုဒ်မ ၁၉(စ) အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
လက်နက်များနှင့် လက်နက်ပြုလုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ
Reviewed by THITHTOOLWIN
on
15:40
Rating:
