တရုတ်-မြန်မာနယ်စပ် လုံခြုံရေး နှစ်နိုင်ငံ တပ်မတော် အရာရှိတွေ ဆွေးနွေး

မြစ်ကြီးနားမြို့က မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်ကို တွေ့ရစဉ်။ Photo: Kyaw Myo Min/RFA
မြန်မာ့တပ်မတော်နဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တို့ဟာ နှစ်နိုင်ငံနယ်စပ်လုံခြုံရေးကိစ္စတွေနဲ့ ပတ်သက်ပြီး မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်မှာ ဒီကနေ့ ဆွေးနွေးကြပါတယ်။

မြန်မာနဲ့ တရုတ် နှစ်နိုင်ငံက ရာထူးအဆင့်အတန်းတူတဲ့ စစ်ဘက်အရာရှိကြီးတွေ ဆွေးနွေးကြတာဖြစ်တယ်လို့ တရုတ်နယ်ခြားကိုယ်စားလှယ်အဖွဲ့ရဲ့ မြို့တွင်းသွားလာလုံခြုံရေးတွေကို စီမံပေးနေတဲ့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းဦး က ပြောပါတယ်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ နယ်ခြားကိုယ်စားလှယ်အဖွဲ့က စစ်ဘက်အရာရှိတွေနဲ့ မြန်မာ့ တပ်မတော်က အဆင့်မြင့်အရာရှိတွေဟာ ဒီကနေ့စတင်ပြီး နှစ်ရက်ကြာဆွေးနွေးကြမှာဖြစ်ပါတယ်။

တရုတ်နယ်ခြားကိုယ်စားလှယ်အဖွဲ့ဟာ သူတို့ခရီးစဉ်အတွင်း မြစ်ကြီးနားမြို့က ဈေးအပါအဝင် ကျောက်စိမ်း နဲ့ ကျောက်မျက်ရတနာအရောင်းဆိုင်တချို့ကိုလည်း သွားရောက်လေ့လာမှာ ဖြစ်ပါတယ်။

မြန်မာ့တပ်မတော်နဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တို့ဟာ တရုတ်-မြန်မာ နယ်စပ်လုံခြုံရေးကိစ္စတွေ နဲ့ ဆက်စပ်နေတဲ့အကြောင်းအရာတွေကို တစ်နှစ်ကို နှစ်ကြိမ် အလှည့်ကျ ဆွေးနွေးလေ့ရှိပါတယ်။

မြန်မာနဲ့ တရုတ် နှစ်နိုင်ငံဟာ မိုင်ပေါင်း တစ်ထောင်ကျော် ကီလိုမီတာအားဖြင့် ၁၇၀၀ ကျော် အကွာအဝေး နယ်နိမိတ်ချင်းထိစပ်နေပါတယ်။

RFA Burmese
http://www.rfa.org/burmese
တရုတ်-မြန်မာနယ်စပ် လုံခြုံရေး နှစ်နိုင်ငံ တပ်မတော် အရာရှိတွေ ဆွေးနွေး  တရုတ်-မြန်မာနယ်စပ် လုံခြုံရေး နှစ်နိုင်ငံ တပ်မတော် အရာရှိတွေ ဆွေးနွေး Reviewed by THITHTOOLWIN on 18:31 Rating: 5
Powered by Blogger.