မိုးညှင်း၌ တရားမဝင်သယ်ဆောင်လာသော ကျောက်စိမ်းအရိုင်းတုံးများ ဖမ်းဆီးရမိ


မိုးညှင်း အောက်တိုဘာ ၃ဝ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ညောင် ကိုင်းကျေးရွာ အနီး ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စု ကားလမ်းမကြီးပေါ်တွင် တရားမဝင် သယ်ဆောင်လာသော ကျောက်စိမ်းအရိုင်းတုံးများကို သိမ်း ဆည်းရမိခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၃ဝ ရက် ညနေ ၅ နာရီခွဲခန့်က ခရိုင်ရဲတပ်ဖွဲ့ ရဲအုပ် အောင်ကျော်မိုးနှင့် အဖွဲ့သည် သက်သေ များနှင့် အတူ ရွှေဘို-မြစ်ကြီး နား ပြည်ထောင်စု ကားလမ်းမကြီးပေါ်ရှိ မိုးညှင်းမြို့နယ် ညောင်ကိုင်းကျေးရွာ အုပ်စု ညောင်ကိုင်းကျေးရွာအရှေ့ ကား လမ်းမပေါ်တွင် တရားမဝင်ကျောက်စိမ်း အရိုင်းတုံးများ သယ်ဆောင်လာကြောင်း သတင်း အရ စောင့်ဆိုင်းစဉ် ဖားကန့်မှ မန္တလေးဘက်သို့ ယာဉ်မောင်း ဘိုဘို အေး(၅၁ နှစ်) မိုးညှင်းမြို့နယ်နှင့် ယာဉ်ခေါင်းခန်းတွင် လိုက်ပါသူ ရိန်းအောင်ရွန်း( ၂၂ နှစ်) မိုးညှင်းမြို့နယ် နေသူတို့ စီးနင်းလာသော ယာဉ်အမှတ် 1H/---- SKATယာဉ်အား သက်သေ များနှင့်အတူ စစ်ဆေး ရှာဖွေရာ ကျောက်စိမ်းအရိုင်းတုံး အမျိုးအစား အရွယ်စုံ ၂၄ တုံး အလေးချိန် ၂ဝ၁ ကီလိုဂရမ်ခန့်၊ ကျောက်ဖြတ်စဆိုဒ်စုံ ၅၁ ခြမ်း အလေးချိန် ၅၂၂ ကီလိုဂရမ်ခန့်၊ ကျောက်အပိုင်းအစရောရာ အခြမ်း ၂ဝဝ၊ အလေးချိန် ၉၇ ကီလိုဂရမ်ခန့်၊ ကျောက် အကြေတစ်အိတ် အလေးချိန် ၇ ကီလိုဂရမ်၊ ကျောက်လက်ကောက် ကွင်း အချောကွင်း ၂ဝ၊ အကြမ်းနှစ်ကွင်း စုစုပေါင်း ၂၂ ကွင်း အလေးချိန် တစ်ကီလို ဂရမ်ခန့်၊ သွေးပြီးသား ကျောက် စိမ်း စေ့တစ်စေ့ အလေးချိန် ၂ ဂရမ်ခန့် စုစုပေါင်းအလေးချိန် ၈၂၈ ဒသမ ဝဝ၂ ကီလိုဂရမ်ခန့်အား တွေ့ရှိရသဖြင့် ကျောက်စိမ်းအရိုင်းတုံးများ သယ်ဆောင် လာသူ ဘိုဘိုအေးနှင့် အောင်ရွန်းတို့အား မိုးညှင်းရဲစခန်းက အမှုဖွင့်အရေးယူ စစ်ဆေးဆောင်ရွက်ရှိကြောင်း သိရ သည်။

နီတိုး
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မိုးညှင်း၌ တရားမဝင်သယ်ဆောင်လာသော ကျောက်စိမ်းအရိုင်းတုံးများ ဖမ်းဆီးရမိ  မိုးညှင်း၌ တရားမဝင်သယ်ဆောင်လာသော ကျောက်စိမ်းအရိုင်းတုံးများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 09:34 Rating: 5
Powered by Blogger.