ခရီးသည်မပါသည့် ဧရာသစ္စာ ခရီးသည်တင်ယာဉ် တိမ်းမှောက်ပြီး ဒရိုင်ဘာသေဆုံး


(ဇလွန်)အောက်တိုဘာ ၃၀။

ဇလွန်မြို့အနီး ရန်ကုန် - ဇလွန် အမြန်လမ်း မိုင်တိုင် ၃၃/၆ ဖာလုံတွင် အောက်တိုဘာလ ၃၀ ရက် နံနက် ၃ နာရီခန့်က ဧရာသစ္စာ ခရီးသည် တင်ယာဉ် သည်ရန် ခရီးသည် မပါဘဲမောင်းနှင် လာရာစဉ် တိမ်းမှောက်ပြီး ဒရိုင်ဘာဖြစ်သူ သေဆုံး ခဲ့ကြောင်း သတင်းရ ရှိသည်။

`မှောက်တဲ့ အချိန်မှာ ယာဉ်နောက်လိုက်ပါလာတယ်။ ဒါပေမယ့် ကားမှောက်ရင် တကယ်အပြစ်ရှိတာ ဒရိုင်ဘာ ဖြစ်တဲ့အတွက် ယာဉ်နောက်လိုက် ကိုလည်း ဖမ်းဆီးအရေးယူထားခြင်း မရှိပါဘူး´ ဟုဇလွန်မြို့မရဲစခန်းမှုး ဒုရဲမှုးကျော်တင့် ကပြောသည်။

ကနဦးထွက်ဆိုချက်များအရ ဧရာသစ္စာယာဉ်သည် ရန်ကုန်ဘက်မှ ဇလွန်ဘက်သို့ မောင်းနှင်လာစဉ် လမ်းဘေးရှိ မယ်ဇလီပင်အား တိုက်မိပြီးရေမြောင်းထဲ ပြုတ်ကျကာ ဒရိုင်ဘာမှာ ကားထဲမှ ထွက်မရဘဲ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဇလွန်မြို့မ ရဲစခန်းမှသိရသည်။

ဖြစ်စဉ်ကို ဇလွန်မြို့မရဲစခန်းမှ သေမှုသေခင်း ရေးဖွင့်စစ်ဆေး လျှက်ရှိကြောင်း သိရသည်။

ဓါတ်ပုံ Zaw Min(FB)
Ayeyarwaddy Times
https://www.facebook.com/ayetimes
ခရီးသည်မပါသည့် ဧရာသစ္စာ ခရီးသည်တင်ယာဉ် တိမ်းမှောက်ပြီး ဒရိုင်ဘာသေဆုံး  ခရီးသည်မပါသည့် ဧရာသစ္စာ ခရီးသည်တင်ယာဉ် တိမ်းမှောက်ပြီး ဒရိုင်ဘာသေဆုံး Reviewed by THITHTOOLWIN on 21:18 Rating: 5
Powered by Blogger.