ခွဲစိတ်ပြု ပြင်ရာက အပေါ်နှုတ်ခမ်း ပျက်စီးသွား သူက ခွဲစိတ်ဆရာဝန် ကို တရားစွဲ


၃၁-၁၀-၂၀၁၆

ထိုင်းနိုင်ငံ ချွန်ဘူရီ Banglamung မြို့ နယ် အတွင်းက နိုက်ကလပ် (ကျော်ဖီ ဆိုင်)ပိုင်ရှင်"၀ိဒါလာ" (အသက် ၂၂) နှစ်ဟာ အွန်လိုင်း ဖေ့ဘုတ်ကြော်ငြာ ကနေ သိခဲ့တဲ့ မျက်နှာခွဲစိတ်အလှပြင် ဆေးခန်း ကိုဆက်သွယ်ခဲ့ပြီး သူမနှုတ်ခမ်း ခွဲစိတ်ဘို့ ကို ထိုင်း ဘတ်ငွေ (ကျပ်ငွေ ငါးသိန်းကျော်) ၁၅၀၀၀ ပေးပြီး အဆိုပါ( surgery Clinic) ဆေးခန်းက ခွဲစိတ် ဆရာဝန် Dr. Piya Pong.ပီရာဖုန်း က တာဝန်ယူခွဲ စိတ်ပေးခဲ့ပါတယ်။


ခွဲစိတ်အပြီး နှုတ်ခမ်းဟာ အကောင်းအတိုင်း ဖြစ်မလာတော့ဘဲ ပိုးဝင်တာ- သွေးယိုကျတာတွေ ယောင်ရမ်းလာတာကြောင့် (၇)ကြိမ်ထက်မနဲ ပြုပြင် ခဲ့ရပြီး မူလအတိုင်းပြန်မဖြစ်တော့ဘဲ နှုတ်ခမ်းရွဲ့ စောင်းသွားခဲ့လို့  ဆေးခန်းက လက်လျော့ လိုက်ပါတယ်၊

သူမရဲ့  နှုတ်ခမ်း ကို တောင်ကိုရီးယား နိုင်ငံမှာ ထပ်မံပြုပြင်ပေးမယ်၊ ကုန်ကျတဲ့ စရိတ်တွေကို ဆေးခန်းကနေ တာဝန်ယူပေး မယ်လို့  သဘော တူခဲ့ ပါတယ်။

နောက်ပိုင်းမှာ ဆေးခန်းတာဝန်ရှိသူတွေက သူမကို လုံးဝအဆက်အသွယ် မလုပ်တော့တဲ့ ပြင် တောင်ကိုရီးယားမှာ ဆေးကုပေးဘို့ ကိုလည်း ငြင်းဆန်ခဲ့တာကြောင့် ရဲစခန်း မှာ အမှုဖွင့်တိုင်ကြားခဲ့ရတာပါလို့  နှုတ်ခမ်းပျက်ဆီး သွားသူ ၀ိဒါလာ က ပြောပါတယ်။

သတင်း - စီရာချာ
Social Action for Women - SAW
ခွဲစိတ်ပြု ပြင်ရာက အပေါ်နှုတ်ခမ်း ပျက်စီးသွား သူက ခွဲစိတ်ဆရာဝန် ကို တရားစွဲ  ခွဲစိတ်ပြု ပြင်ရာက အပေါ်နှုတ်ခမ်း ပျက်စီးသွား သူက ခွဲစိတ်ဆရာဝန် ကို တရားစွဲ Reviewed by THITHTOOLWIN on 18:20 Rating: 5
Powered by Blogger.