မောင်တောမြို့ နယ်မှာ အကြမ်းဖက် စီးနင်း တိုက်ခိုက်သူ ၃ ဦးအား အသေဖမ်းဆီးရမိခဲ့ပြီး ၄ ဦး အရှင် ဖမ်းဆီးရမိ
အကြမ်းဖက် စီးနင်း တိုက်ခိုက်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦးတို့က နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်များအား တိုက်ခိုက်၊ အကြမ်းဖက် စီးနင်း တိုက်ခိုက်သူ ၄ ဦး ထပ်မံ ဖမ်းဆီးရမိ
နေပြည်တော် အောက်တိုဘာ ၁၅
ရခိုင်ပြည်နယ် မောင်တောမြို့နယ် လိပ်အိုင်ကျေးရွာတွင် အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ(၃)ဦးအား ပစ်ခတ်ဖမ်းဆီးရမိကြောင်း သိရသည်။
တပ်မတော်စစ်ကြောင်းနှင့် မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ (၁၅)ရက်နေ့ ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ် ခန့်၌ လိပ်အိုင်ကျေးရွာသို့ ရောက်ရှိရှင်းလင်းစဉ် ကျေးရွာအတွင်းမှ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦးတို့က လုံခြုံရေး ဆောင်ရွက်နေသည့် ရဲတပ်ကြပ် သောင်းညိုအား အရိုး/အသွား ၄ ပေခွဲခန့်ရှိ ဓားအရှည်ဖြင့်လည်းကောင်း၊ ရဲတပ်သား ထက်ဇော်ဦးနှင့် ရဲတပ်သား ခင်စိုး တို့အား အရိုး/အသွား ၂ ပေခွဲခန့််ရှိ ဓားချွန်ဖြင့်လည်းကောင်း ထိုး၍ ထွက်ပြေးစဉ် လုံခြုံရေးအဖွဲ့များက ပစ်ခတ်ဖမ်းဆီး ခဲ့သဖြင့် ၎င်းတို့ ၃ ဦးအား အသေဖမ်းဆီးရမိခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၃ ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။
ထို့ပြင် မောင်တောမြို့နယ်၊ ရီဒါးကျေးရွာတစ်ဝိုက် တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းဆောင်ရွက်စဉ် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်၌ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ ကော်လီမူလာ(ဘ) အာဘူဟာရှိန်း၊ ကော်မာလူဟူဒါး(ဘ) လော်လီမူလာ၊ နုဒူဟူဒါး(ဘ) ကော်လီမူလာနှင့် ဟာဘူတာရှိန်း(ဘ) ကော်လီမူလာတို့ ၄ ဦးအား ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသည့် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ ၄ ဦးအား ကြိမ်ချောင်း ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ပြီး သတင်းဆက်ရရှိရေး စစ်ဆေးမေးမြန်းမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
မြ၀တီ
https://www.facebook.com/mwdmedia
Powered by Blogger.