![]() |
ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်မှာ အဖွဲ့ဝင်ဖြစ်လာတဲ့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန် ကို တွေ့ရစဉ်။ Photo: Win Ko Ko Latt/RFA |
ဒေါ်ခင်မိုးမိုးကို ရှမ်းပြည်နယ်ပါတီဥက္ကဌနေရာကနေ ဖယ်ရှားခဲ့တဲ့ အကြောင်းအရင်းနဲ့ တွေ့ရှိထားတဲ့ ပြစ်ချက်တွေ ကို တင်ပြခဲ့တယ်လို့ ဦးဝင်းထိန် က ပြောပါတယ်။
ဒီနေ့ ကော်မရှင်အဖွဲ့ရဲ့ စစ်ဆေးမှုတွေနဲ့ပတ်သက်ပြီး ရှမ်းပြည်နယ်ပါတီဥက္ကဌနေရာကနေ ဖယ်ရှားခံထားရ တဲ့ ဒေါ်ခင်မိုးမိုးက အခုလိုပြောပါတယ်။
ကော်မရှင်အဖွဲ့ခေါင်းဆောင် ဦးတင်ထွဋ်ဦး၊ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးနဲ့ ဗဟိုအလုပ်အမှုဆောင်ကော် မတီဝင် ဒေါ်လဲ့လဲ့တို့က ရှမ်းပြည်နယ် က ဒေါ်ခင်မိုးမိုး၊ ဦးတင်မောင်တိုး၊ ဒေါ်မီးမီးနဲ့ ဒေါ်ယူမီဇော်တို့လေးဦး ထုတ်ပယ်ခံရတာနဲ့ပတ်သက်ပြီး စစ်ဆေးတာ ဒါဒုတိယအကြိမ် ဖြစ်ပါတယ်။
ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်မိုးမိုးနဲ့ တောင်ကြီးခရိုင်ပါတီ ဥက္ကဌ ဦးတင်မောင်တိုး အပါအ၀င် ၆ဦးကို ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် က ပြီးခဲ့တဲ့ စက်တင်ဘာလ က ပါတီကနေ ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။
မနက်ဖြန်မှာ ဦးဝင်းထိန်ဖက်က သက်သေတွေအဖြစ်တင်သွင်းထားတဲ့ ဦးစိုင်းဆမ်ခပ် ၊ ဦးဖုန်းမောင် ၊ ဦးနေမျိုး ၊ ဦးဇော်မင်းလတ် ၊ ဒေါက်တာဒေါ်သန်းငွေ နဲ့ ဒေါ်စမ်းစမ်းမော်တို့ရဲ့ ထွက်ဆိုချက် ကိုဆက်ပြီး စစ်ဆေးမှာ ဖြစ် ပါတယ်။
ရှမ်းပြည်နယ်ပါတီဥက္ကဌ ဒေါ်ခင်မိုးမိုးဟာ ပြီးခဲ့တဲ့အထွေထွေရွေးကောက်ပွဲမှာ ပြည်နယ်အောင်နိုင်ရေး အဖွဲ့နဲ့ ပူးပေါင်းမလုပ်ဆောင်ကြောင်းတဲ့အတွက် ပါတီကနေ ထုတ်ပယ်လိုက်တာဖြစ်သလို၊ တောင်ကြီး ခရိုင် ပါတီဥက္ကဌ ဦးတင်မောင်တိုးဟာ ပြည်နယ်အစိုးရအဖွဲ့ကို ၀င်ပြီး စွက်ဖက်နေသလို ဖေ့ဘွတ်စ်မှာ ဦးဝင်းထိန် နဲ့ CEC အဖွဲ့ဝင်တွေကို ပုတ်ခတ်စော်ကားတဲ့ စာသားတွေ တင်ခဲ့တဲ့ အတွက် ဦးဝင်းထိန်က ထုတ်ပယ်လိုက်တာဖြစ် ပါတယ်။
RFA Burmese
http://www.rfa.org/burmese
ရှမ်းပြည်နယ်အန်အယ်လ်ဒီ ပါတီခေါင်းဆောင်တွေ ဖယ်ရှား ခံရတဲ့ကိစ္စ ဦးဝင်းထိန်ကို စစ်ဆေး
Reviewed by THITHTOOLWIN
on
19:28
Rating:
