မန္တလေးမြို့တွင် အလုံပိတ်အခန်း ၁၇ခန်း ထားရှိသော ရုပ်ရှင်ရုံအား ဝင်ရောက်ဖမ်းဆီး
၎၊ ၁၀၊ ၂၀၁၆ရက်နေ့ ညနေ၀၄:၃၀ အချိန် စည်ပင်သာယာ ရဲတပ်ဖွဲ့မူး ရဲမူးငြိမ်းချမ်းအောင်ဧ။် ကွပ်ကဲမူ့ဖြင့် ရဲအုပ်သဲဦးလှိုင်ပါ စည်ပင်ရဲတပ်ဖွဲ့ ၊ နယ်မြေခံရဲတပ်ဖွဲ့၊ စည်ပင်သာယာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မဟာမြိုင် ၁၊ အပိုင်း ၆၊ ၆၉လမ်း၊ ၃၈'၃၉ ကြားရှိ MR Cinema ဆိုင်အား ဝင်ရောက် စစ်ဆေးရာ အလုံပိတ် အခန်း ၁၇ခန်းဖြင့် လုပ်ငန်းဆောင်ရွက်နေကြောင်း စိစစ်တွေ့ရှိရသဖြင့် ဥပဒေနှင့် အညီ စည်ပင်တရားရုံးသို့ တရားစွဲဆိုသွားမည်ကြောင်း မန္တလေးစည်ပင် facebook မှာ အင်တာနက် စာမျက်နှာ် ဖော်ပြထားပါသည်။
by သစ်ထူးလွင်
မန္တလေးမြို့တွင် အလုံပိတ်အခန်း ၁၇ခန်း ထားရှိသော ရုပ်ရှင်ရုံအား ဝင်ရောက်ဖမ်းဆီး  မန္တလေးမြို့တွင် အလုံပိတ်အခန်း ၁၇ခန်း ထားရှိသော ရုပ်ရှင်ရုံအား ဝင်ရောက်ဖမ်းဆီး Reviewed by THITHTOOLWIN on 05:46 Rating: 5
Powered by Blogger.