ကွမ်းစားဆေးများ အတုပြုလုပ်ရောင်းချသူ(၂)ဦးအား အမှုဖွင့် အရေးယူထား

တရားမဝင်ကွမ်းစားဆေးများ အတုပြုလုပ်ရောင်းချသူ(၂)ဦးအား အမှုဖွင့်အရေးယူထား
နေပြည်တော်၊ အောက်တိုဘာ ၂၈

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့ ညနေ ၄ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနမှတပ်ဖွဲ့ဝင်များ၊ လှိုင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးမှူးရုံးမှ ဝန်ထမ်းများနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လှိုင်မြို့နယ်၊ လှိုင်သီရိအိမ်ယာတွင် အိန္ဒိယနိုင်ငံမှ တရားမဝင်ကွမ်းစားဆေးများ အတုပြုလုပ်ရောင်းချနေကြောင်း သတင်းရရှိခဲ့ပါသည်။

အဆိုပါ သတင်းအရ သက်သေများ နှင့်အတူ ဝင်ရောက်ရှာဖွေခဲ့ရာ အိမ်ရှင် ဦးဘသိန်း(ခ)မာမက်(၅၈)နှစ်နှင့် ဇော်မင်း(ခ)ဇကရီးယာ(၃၅)နှစ် တို့(၂)ဦးအား JAGMAG TOBACCO 1192 (၁၀)လုံးကဒ် (၃၀)ကဒ်ပါ(၁၂)ပုံး၊ တစ်ကဒ်လျှင် (၁၀)လုံးပါ RARIJAT(၂၂)ကဒ်(၂၂၀)လုံး၊ တစ်ကဒ်လျှင်(၁၀)လုံးပါ SIGNAL (၁၀)ကဒ်(၁၀၀) လုံး၊ အရောင်တင်ဆီ ပူရှိန်းမှုန့်ပေါင်းကြိတ်ချေထားပြီး ဆေးရွက်ကြီးများဖြင့် ရောစပ်ထားသော JAGMAG TOBACCO 1192 (၅၀၀)ဗူး၊ JAGMAG TOBACCO 1192 ဗူးခွံ(၁၀)ဗူးကဒ် (၃၀)ကဒ်ပါ(၁၇၁)ပုံး၊(၄၈၃၀၀)ဗူး၊ JAGMAG TOBACCO 1192 ဗူး၏နောက်ပိတ်ပြား (၁၂၃၀)ပြား၊ RARIJAT ဗူး၏ နောက်ပိတ်ပြား (၆၅၀)ပြား၊ ကြိတ်ချေထားသော ဆေးရွက်ကြီး အိတ်(၆)အိတ်၊ အလေးချိန်(၂၀)ကီလိုဂရမ်ခန့်ရှိ အရောင်တင်ဆီအိတ်(၁)အိတ်၊ အလေးချိန်(၀.၂၀) ကီလိုဂရမ်ခန့်ရှိ ပူရှိန်းအမှုန့်(၁)ထုပ်၊ DRILL PRESS စာတန်းပါကွမ်းစားဆေးဗူးများ၏ နောက်ဖုံး ပိတ်သောစက်(၂)လုံး၊ ကွမ်းစားဆေးဗူးများ၏ နောက်ဖုံးပိတ်သော လက်လှည့်စက်(၁)လုံးနှင့် SF-400 A စာတန်းပါဒီဂျစ်တယ်ချိန်ခွင်(၁)ခုတို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ပါသည်။

 သက်သေခံ ပစ္စည်းများ သိမ်းဆည်းပြီး ဦးဘသိန်း(ခ)မာမက်နှင့် ဇော်မင်း(ခ)ဇကရီးယာတို့(၂)ဦးအား လှိုင်မြို့မ ရဲစခန်း(ပ)၁၀၆၈/၂၀၁၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈/၁၀ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ