![]() |
( ကာစီနိုလောင်းကစားရုံတွေရှိတဲ့ မြ၀တီမြို့သောင်ရင်းမြစ်ကမ်းဘေးက အဆောက်အအုံတစ်ခုကို တွေ့ရစဉ် ) Photo: Myawaddy Complex / Facebook |
အောက်ခြေကိုသွားရောက်စစ်ဆေးရာမှာ တွေ့ရှိတဲ့အခြေအနေအတိုင်း အရေးယူဆောင်ရွက် မှာဖြစ်တယ်လို့ ရဲမှူးကြီး ကြည်လင်းက ပြောတာဖြစ်ပါတယ်။
"အောက်ခြေမှာ တကယ်တမ်းသွားစစ်တဲ့အခါတွေ့တဲ့အခြေအနေ တွေ့တဲ့အနေအထားမျိုးနဲ့တော့ ဥပဒေအရ လုပ်ထုံးလုပ်နည်းနဲ့အညီ အရေးယူရမှာပေါ့ ကျွန်တော်တို့လုပ်ရမယ့်လုပ်ငန်းဖြစ်တဲ့အတွက် ဒါတွေကို ညင်ညင်သာသာကိုင်တွယ်ဆောင်ရွက်နိုင်ဖို့ စပြီးလုပ်ကိုင်နေပါပြီ"
ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံကြားထိစပ်နေတဲ့ မြ၀တီမြို့သောင်ရင်းမြစ်ကမ်းဘေးမှာ ကာစီနိုလောင်းကစား ရုံတွေ အများဆုံးရှိနေတာဖြစ်ပြီး အဲ့ဒီလောင်းကစားရုံတွေဟာ နှစ်ဘက်နိုင်ငံက စီးပွားရေး အဖွဲ့အစည်းတွေနဲ့ ပတ်သက်မှုရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကာစီနိုလောင်းကစားရုံတွေမှာ ထိုင်းဘတ်ငွေသာ အသုံးပြုတာဖြစ်ပြီး ထိုင်းနိုင်ငံဘက်ကနေ တရားမ၀င်ကူးလာပြီး ကစားတဲ့သူများပါတယ်။
အဲ့ဒီကာစီနိုလောင်းကစားရုံတွေဟာ မြ၀တီမြို့ထဲမှာ တရားဝင်ပုံစံနဲ့ ကြော်ငြာဆိုင်းဘုတ်တွေ စိုက်ထူကြေငြာနေတဲ့အတွက် အရေးယူပေးဖို့ နဲ့ လောင်းကစားရုံတွေကို ပိတ်သိမ်းဖို့ ပြည်နယ် အစိုးရထံ တင်ပြသွားမယ်လို့ မြ၀တီမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင် က ပြောပါတယ်။
လက်ရှိမြ၀တီမြို့ထဲမှာ ကာစီနိုလောင်းကစားရုံ ၁၀ ရုံ နီးပါးရှိနေတယ်လို့လည်း ဦးသန့်ဇင်အောင်က ပြောပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
မြ၀တီမြို့က လောင်းကစားရုံတွေကို အရေးယူမည်
Reviewed by THITHTOOLWIN
on
16:19
Rating:
