ဘင်္ဂလီများမှာ ၄င်းတို့၏ရွာကို ကိုယ်တိုင်မီးရှို့ပြီး ထွက်ပြေးသွားခြင်းဖြစ်သည်ဟု လေ့လာစုံစမ်းရေးကော်မရှင်ပြော

ဓာတ်ပုံ - ဖိုးသီဟ(မြတ်သူထွန်း)
DMG / အောက်တိုဘာ ၂၇

အောက်တိုဘာလ ၉ ရက်နေ့ နံနက်ပိုင်းအချိန်က ဖြစ်ပွားခဲ့သည့် မောင်တောအကြမ်းဖက်မှု ဖြစ်စဉ်အတွင်းတွင် ဘင်္ဂလီကျေးရွာများ မီးရှို့ခံရမှုများရှိခဲ့ပြီး နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံတကာမီဒီယာများက တပ်မတော်နှင့် ရဲတပ်ဖွဲ့များကို စွပ်စွဲချက်မှုများပြုလုပ်နေပြီး ၎င်းတို့မှာ မဟုတ်မှန်ဘဲ ဘင်္ဂလီများကသာ စိုးရိမ်ကြောက်လန့်ပြီး မိမိတို့ကိုယ်တိုင် မီးရှို့မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု လေ့လာစုံစမ်းမှုအရ သိရှိရကြောင်း မောင်တောအကြမ်းဖက်မှု လေ့လာစုံစမ်းရေးကော်မရှင် ဥက္ကဌဦးအောင်ဝင်းက ပြောဆိုလိုက်သည်။

“ကျွန်တော်တို့ အဲဒီဒေသကို လေ့လာစုံစမ်းဖို့ သွားခဲ့ပါတယ်။ ဒီဘင်္ဂလီကျေးရွာတွေ မီးရှို့ခံမှုတွေနဲ့ ပတ်သတ်ပြီး တိုင်းရင်းသားကျေးရွာဒေသခံတွေကို စုံစမ်းမေးမြန်းကြည့်ပါတယ်။ တပ်မတော်နဲ့ ရဲတပ်ဖွဲ့တွေက လာတာတွေ့မတွေ့ရှိရဘူးတဲ့။ သူတို့ဟာသူတို့ မီးရှို့ပြီး ထွက်ပြေးသွားတာပါလို့ ပြောကြတယ်။ ခုက နိုင်ငံအဖွဲ့အစည်းတွေနဲ့ မီဒီယာတစ်ချို့ကပေါ့ စစ်တပ်ကပဲလုပ်သလိုမျိုး၊ ရဲတပ်ဖွဲ့ကပဲလုပ်သလိုမျိုး အမျိုးမျိုး စွပ်စွဲပြီး ရေးနေကြတယ်။ ”ဟုအောင်ဦးအောင်ဝင်းက အောက်တိုဘာလ ၂၇ ရက်နေ့တွင် DMG သို့ ပြောသည်။

အောက်တိုဘာလ ၂၄ ရက်နေ့က စတင်ပြီး မောင်တောဒေသအကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် လွှတ်တော်က တပ်မတော်နှင့်ပါတီပေါင်းစုံမှ လွှတ်တော်ကိုယ်စားလှယ် ၁၁ ယောက်ဖြင့် မောင်တော်အကြမ်းဖက်မှု လေ့လာစုံစမ်းရေးကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။

ယင်းအဖွဲ့သည် အောက်တိုဘာလ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့ထိ မောင်တော၊ ဘူးသီးတောင်မြို့နယ်တို့ကို လေ့လာစုံစမ်းမှု များပြုလုပ်ခဲ့ပြီး ရသေ့တောင်မြို့နယ်ကိုလည်း အကြမ်းဖက်မှု ခံရသည့်ဖြစ်စဉ်များနှင့်ပတ်သက်ပြီး လေ့လာစုံစမ်းမှုများပြုသွားမည်ဟုလည်း သိရသည်။

လေ့လာစုံစမ်းတွေ့ရှိရသည်များကိုလည်း သုံးသပ်ကာ ရခိုင်ပြည်နယ်လွှတ်တော်သို့ ၂ ပတ်အတွင်း တင်ပြရမည်ဖြစ်ပြီး ပြည်နယ်အစိုးရ(သို့)ပြည်ထောင်စု အစိုးရကိုလည်း ဆက်လက်တင်ပြ သွားမည်ဟု သိရသည်။

ထိုသို့သတင်းမှားများ ထုတ်ပြန်ခြင်းသည် ရခိုင်ပြည်နယ်အား မငြိမ်မသက်အောင် လုပ်ဆောင်ခြင်းဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်ရသူများမှာလည်း တိုင်းရင်းသားများဖြစ်ကြောင်းနှင့် စစ်တွေသို့ ထောင်နှင့်ချီသော ရခိုင်တိုင်းရင်းသားများက ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟုလည်း သိရှိရသည်။

ဖဒူထွန်းအောင်

Development Media Group
https://www.facebook.com/DevelopmentNJ/
ဘင်္ဂလီများမှာ ၄င်းတို့၏ရွာကို ကိုယ်တိုင်မီးရှို့ပြီး ထွက်ပြေးသွားခြင်းဖြစ်သည်ဟု လေ့လာစုံစမ်းရေးကော်မရှင်ပြော ဘင်္ဂလီများမှာ ၄င်းတို့၏ရွာကို ကိုယ်တိုင်မီးရှို့ပြီး ထွက်ပြေးသွားခြင်းဖြစ်သည်ဟု လေ့လာစုံစမ်းရေးကော်မရှင်ပြော Reviewed by THITHTOOLWIN on 16:38 Rating: 5
Powered by Blogger.