ငါးနှစ်ကြာ အဖမ်းခံရတဲ့ သင်္ဘောသားတွေ ဆိုမာလီဓါးပြလက်ကလွတ်

 ပြန်ပေးဆွဲသူတွေ တောင်းထားတဲ့ငွေ ရ မရ မသိရသေးပေမယ့် ဒီလွှတ်ပေးမှုမှာ ဒေသခံအုပ်စုတခုက အဓိက ကူညီခဲ့
ဆိုမာလီပင်လယ်ဓါးပြတွေက ငါးနှစ်နီးပါး ဖမ်းဆီးထားတဲ့ သင်္ဘောသား ၂၆ယောက် ပြန်လွတ်လာပြီလို့ နိုင်ငံတကာ ဓါးစာခံ စေ့စပ်သူတွေက ပြောပါတယ်။

ဒီလွတ်လာသူတွေဟာ ဓါးပြတွေရဲ့ ၂ထောင်ပြည့်နှစ်နောက်ပိုင်း ရာချီ ဖမ်းထားတဲ့ အထဲက နောက်ဆုံးအသုတ် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒီသင်္ဘောသားတွေဟာ ၂၀၁၂ခုနှစ်က အဖမ်းခံခဲ့ရတာ ဖြစ်ပြီး အဖမ်းခံရစဉ်မှာ လျစ်လျူရှုထား ခံရတဲ့အတွက် အာဟာရမပြည့်ဝတဲ့ ဝေဒနာတွေလည်း ခံစားနေရပါတယ်။

အဖမ်းခံထားရတဲ့ အထဲက သင်္ဘောသား သုံးယောက်ကတော့ ဖမ်းဆီးထားစဉ်မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ပြန်ပေးဆွဲသူတွေ တောင်းထားတဲ့ငွေ ရ မရ မသိရသေးပေမယ့် ဒီလွှတ်ပေးမှုမှာ ဒေသခံအုပ်စုတခုက အဓိက ကူညီခဲ့တာ ဖြစ်ပါတယ်။

လတ်တလော အခြေအနေတွေအရ ဆိုမာလီကမ်းခြေဒေသတွေမှာ ပင်လယ်ဓါးပြမှုတွေလည်း လျော့ကျလာပြီ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ