ဝ ရိုးရာ ကောက်သစ်စားပွဲ ကျင်းပ


ဒီနှစ်မှာကျရောက်တဲ့ "ဝ"ရိုးရာ ကောက်သစ်စားပွဲကို UWSA "ဝ"အထူးဒေသ(၂) ထိန်းချုပ်နယ်မြေအတွင်းမှာ ပါဝင်တဲ့ မိုင်းမောခရိုင် ဟိုတောင်မြို့နယ်မှာ ဒီလ ၂ ရက်နေ့ကစတင်ပြီး သုံးရက်ကြာကျင်းပခဲ့ပါတယ်။ ဒါ့အပြင် ကျေးရွာတွေအလိုက် ကျင်းပတာတွေလည်းရှိပါတယ်။

ပွဲတော်အတွင်း ကျေးရွာအလိုက်ထွက်ရှိတဲ့ အသီးအနှံတွေကို ပြိုင်ကြတာရှိသလို တိုင်းရင်းသားအလိုက် ရိုးရာအကတွေကို ကပြဖျော်တာတွေလည်းရှိပါတယ်။ ဒါ့အပြင် "၀"ရိုးရာ ကျွဲ လှံထိုးပွဲနဲ့ နွားအသဲကိုကြည့်ပြီး နောင်နှစ် စိုက်ပျိုးရေးနိမိတ်ဖတ်တာတွေကို လည်းပြုလုပ်ခဲ့ပါတယ်။

UWSA ထိန်းချုပ်နယ်မြေအတွင်းမှာ "၀" တိုင်းရင်းသားတွေရဲ့ ရိုးရာကောက်သစ်စားပွဲကို မြို့နယ်တွေအလိုက် နှစ်စဉ်အလှည့်ကျ ကျင်းပတာဖြစ်ပါတယ်။

Photo: Kan Thar/RFA

RFA Burmese
https://www.facebook.com/rfaburmese/
ဝ ရိုးရာ ကောက်သစ်စားပွဲ ကျင်းပ  ဝ ရိုးရာ ကောက်သစ်စားပွဲ ကျင်းပ Reviewed by THITHTOOLWIN on 09:28 Rating: 5
Powered by Blogger.