ထိုင်းစစ်အစိုးရအလိုကျ ခန့်အပ်ထားတဲ့ လွှတ်တော်အမတ်တွေက ဗိုလ်ချုပ်ကြီး ချန်အိုချာကို ဝန်ကြီးချုပ်ရာထူးမှာ ဆက်လက်ခန့်အပ်နိုင်ရေးအတွက် စစ်တပ်နောက်ခံပြုမယ့် နိုင်ငံရေးပါတီတခုကို သူတို့ ထူထောင်မယ်လို့ မနေ့က ပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွေကို လာမယ့်နှစ်ကျင်းပဖို့ ရှိပါတယ်။ အာဏာသိမ်း စစ်အစိုးရအလိုကျ ဖွဲ့စည်းပုံရေးဆွဲရေး ကော်မတီကို ဦးဆောင်ခဲ့သူ အထက်လွှတ်တော် အမတ်ဟောင်း Paiboon Nititawan ပိုင်ဘွန်း နစ်တီတာဝမ် က ဗိုလ်ချုပ်ကြီး ချန်အိုချာ ကို ဝန်ကြီးချုပ်ဆက်ပြီးခန့်ဖို့ အဆိုပြုမယ့် ပါတီတခုကို မိမိထူထောင်မှာဖြစ်ကြောင်း အဲဒီပါတီကို ဝင်ဖို့ ဗိုလ်ချုပ်ကြီးဟောင်းတွေအပါအဝင် စစ်ပြန်စစ်မှုထမ်းဟောင်းတွေက စိတ်ဝင်စားနေကြောင်း မနေ့ကပြောပါတယ်။
ထိုင်းနိုင်ငံရေးသမားတွေကလည်း ထိုင်းတပ်မတော် အသိုင်းအဝန်းဟာ ပိုင်ဘွန်း တည်ထောင်မယ့် အဲဒီပါတီကို ဝင်ရောက်ကြဖို့ လူထုကို လိုက်လံစည်းရုံးနေတယ်လို့ ပြောပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
ဝန်ကြီးချုပ် ချန်အိုချာ ရာထူးမြဲဖို့ ပါတီတခု ဖွဲ့စည်းမယ်
Reviewed by THITHTOOLWIN
on
12:13
Rating:
