လူမှုကွန်ရက်မှာ ကဗျာရွတ်ဆိုသံကြောင့် လူသိများခဲ့တဲ့ ဆရာမ ဒေါ်မြင့်မြင့်ဇော်ကို ထူးချွန်ဆရာဆုချီးမြှင့်မည်


ကဗျာတွေ ရွတ်ဆိုသင်ကြားရာမှာ အသံကောင်းမွန်တဲ့အတွက် လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်က အလယ်တန်းပြဆရာမ ဒေါ်မြင့်မြင့်ဇော်ကို ပညာတန်ဆောင်က ထူးချွန်ဆရာဆုချီးမြှင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြားထဲကနေ ကျောင်းကို လာရောက်သင်ကြားရပုံတွေ၊ တတ်ကျွမ်းတဲ့ဘာသာရပ်နဲ့ ကျောင်းသားကျောင်းသူတွေကို စိတ်ဝင်စားလာအောင် သင်ကြားပုံတွေကို ကြည့်ပြီး အခုလို ထူးချွန်ဆရာဆုချီးမြှင့်ဖို့ ရွေးချယ်လိုက်တာ ဖြစ်တယ်လို့ ပညာတန်ဆောင် ဒုတိယဥက္ကဌ ဒေါက်တာတင်ညိုက 5 Plus ကိုပြောပါတယ်။


 ဒီဆုကို ဒီဇင်ဘာလမှာ ကျင်းပမယ့် ပညာတန်ဆောင်ဂုဏ်ပြုဆု ချီးမြှင့်ပွဲအခမ်းအနားမှာ ပေးအပ်သွားမှာဖြစ်ပါတယ်။ အလယ်တန်းပြဆရာမဒေါ်မြင့်မြင့်ဇော်ဟာ လက်ရှိမှာ မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်၊ ရွှေဘုံသာအလယ်တန်းကျောင်းခွဲ မှာ အလယ်တန်းပြဆရာမအဖြစ် မြန်မာစာသင်ကြားနေပါတယ်။

 အရင်ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကျောင်းဆရာမအဖြစ် (၁၀)နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်လို့ သိရပါတယ်။

ဓာတ်ပုံ- Myintmyint Zaw FB
5 Plus News
https://www.facebook.com/5plusnews
လူမှုကွန်ရက်မှာ ကဗျာရွတ်ဆိုသံကြောင့် လူသိများခဲ့တဲ့ ဆရာမ ဒေါ်မြင့်မြင့်ဇော်ကို ထူးချွန်ဆရာဆုချီးမြှင့်မည်  လူမှုကွန်ရက်မှာ ကဗျာရွတ်ဆိုသံကြောင့် လူသိများခဲ့တဲ့ ဆရာမ ဒေါ်မြင့်မြင့်ဇော်ကို ထူးချွန်ဆရာဆုချီးမြှင့်မည် Reviewed by THITHTOOLWIN on 21:57 Rating: 5
Powered by Blogger.