ကျောက်ပန်းတောင်း-ချောက်ကားလမ်း၌ အဝေးပြေးယာဉ် တစ်စီး လမ်းချော် တိမ်းမှောက်


ကျောက်ပန်းတောင်း အောက်တိုဘာ ၂၄

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်း တောင်းမြို့နယ်၌ အောက်တိုဘာ ၂၄ ရက် နံနက် ၆ နာရီက ဆင်တပ်ကျင်း ကျေးရွာလမ်းခွဲအနီး ကျောက်ပန်း တောင်း-ချောက် ကားလမ်း မိုင်တိုင် အမှတ်(၃၉၂/၂)၌ ရန်ကုန်-ကျောက် ပန်းတောင်း-ချောက်-တညောင် ပြေးဆွဲ နေသည့် ခရီးသည်တင် ယာဉ်တစ်စီး လမ်းချော် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

ကျောက်ပန်းတောင်း - ချောက် ကားလမ်း မိုင်တိုင်အမှတ်(၃၉၂/၂) ၌ ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ ယာဉ် ထိန်းတပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေး ရာ ကျောက်ပန်းတောင်း-ချောက် ကား လမ်းမကြီးအတိုင်း ကျောက်ပန်းတောင်း ဘက်မှ ချောက်ဘက်သို့ ယာဉ်မောင်း ရဲဖုန်းအောင် မောင်းနှင်သော ရန်ကုန်-ကျောက်ပန်းတောင်း-ချောက်- တညောင် ပြေးဆွဲနေ သည့် 4/G---- အောင်ဇေယျ ခရီးသည်တင်ယာဉ်သည် မိုင်တိုင်အမှတ် (၃၉၂/၂) အရောက် လမ်းချော်၍ အရှိန် မထိန်းနိုင်ဖြစ်ကာ လမ်း၏ ဝဲဘက်ခြမ်းရှိ လမ်းဘေးရေမြောင်း အတွင်း တိမ်း မှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည် ၃ဝ အနက် ၁၂ ဦး ဒဏ်ရာများ(မစိုးရိမ်ရ) ရရှိခဲ့ပြီး သေဆုံးသူမရှိကြောင်း သိရသည်။ ဒဏ်ရာ ရရှိ သူများအား ကျောက်ပန်းတောင်း မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ သည်။ ယာဉ်မဆင်မခြင်မောင်းနှင်သူ ရဲဖုန်းအောင် ပတ္တမြားရပ်ကွက် ချောက် မြို့နေ သူအား အရေးယူထားရှိပြီး အဆိုပါယာဉ်တိမ်းမှောက်ရာသို့ မြို့နယ် ရဲတပ်ဖွဲ့ ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် Volunteer Group အဖွဲ့မှ လူငယ်များ က ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြ ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ကျောက်ပန်းတောင်း-ချောက်ကားလမ်း၌ အဝေးပြေးယာဉ် တစ်စီး လမ်းချော် တိမ်းမှောက်  ကျောက်ပန်းတောင်း-ချောက်ကားလမ်း၌ အဝေးပြေးယာဉ် တစ်စီး လမ်းချော် တိမ်းမှောက် Reviewed by THITHTOOLWIN on 10:35 Rating: 5
Powered by Blogger.