ကျိုက်မရောမြို့နယ်အတွင်း မူးယစ်ဆေးဝါးများနှင့် လက်နက် ခဲယမ်းများ ဖမ်းဆီးရမိ


နေပြည်တော်၊ အောက်တိုဘာ ၃၀

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကော့မနာကျေးရွာအတွင်းမှာ အောက်တိုဘာလ ၂၉ ရက်နေ့ က မူးယစ်ဆေးဝါးများနှင့် လက်နက် ခဲယမ်းများ ဖမ်းဆီးရမိ ခဲ့ကြောင်း သိရပါသည်။

 နယ်မြေခံတပ်မတော်စစ်ကြောင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၉ ရက် ည ၁၀ နာရီခန့်တွင် သတင်းအရ KKO အဖွဲ့မှ ဦးကြည်စိုး(ဘ)ဦးထွန်းဆွေ ၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်၌ ဦးကြည်စိုးနှင့်အတူ ကျိုက်မရောမြို့နေ ဦးကျော်ငွေ(ဘ)ဦးစိုးကြည်နှင့် မအိဖြူ(ဦးစိုး ကြည်၏တူမ)တို့အား တွေ့ရှိခဲ့ပါသည်။

 ဆက်လက်ရှာဖွေစစ်ဆေးစဉ် နေအိမ်အတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၃၄၄ ပြား (ကာလတန်ဖိုးငွေကျပ် ၁၇ သိန်းခန့်)၊ သေနတ် ခြောက်လက်၊ လက်ပစ်ဗုံး တစ်လုံး၊ ကျည်အိမ်မျိုးစုံ ၁၁ ခု၊ ကျည်မျိုးစုံ ၃၆၁ တောင့်၊ ပြောက်ကျား ယူနီဖောင်း တစ်စုံ၊ ချပ်ဝတ်တန်ဆာ သုံးစုံ၊ ကျောပိုးအိတ်တစ်လုံးနှင့် မြန်မာကျပ်ငွေရောရာ ခြောက်သိန်းကျော်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများအား တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး ကျိုက်မရော မြို့မရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံပြီးဖြစ်ကြောင်း သတင်းရရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia/
ကျိုက်မရောမြို့နယ်အတွင်း မူးယစ်ဆေးဝါးများနှင့် လက်နက် ခဲယမ်းများ ဖမ်းဆီးရမိ ကျိုက်မရောမြို့နယ်အတွင်း မူးယစ်ဆေးဝါးများနှင့် လက်နက် ခဲယမ်းများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 18:29 Rating: 5
Powered by Blogger.